Zawgyi
ငယ်ငယ်လေးထဲက လိုလေသေးမရှိနေရတဲ့သူမ Byul သာယာလွန်းတဲ့မိသားစုလေးရော သူ့ကိုအရမ်းချစ်တဲ့သူငယ်ချင်းလေးပါပိုင်ဆိုင်ထားတဲ့သူမ နမော်နမဲ့လေးနိုင်ပြီးပွင့်လင်းလွန်းလို့ ပြဿနာအိုးလေးတစ်ယောက်ဖြစ်နေတာကလွဲလို့ ...
မူလတန်းအရွယ်ထဲက ဘေးအိမ်က မောင်လေး နဲ့ ကျောင်းကပြန်လာတိုင်းရော ကျောင်းပိတ်ရက်တိုင်းရော သွားသွားဆော့လေ့ရှိတယ် ၂အိမ်လုံးကလူကြီးတွေကလည်း မိသားစုအရင်းအချာတွေလို ...
POV
"Yohannie ရေ Noona တို့ဆော့ရအောင် Noona ပျင်းတယ်" Yohan တို့တွေများ ဖတ်နေတဲ့ ပုံပြင်စာအုပ်ကိုလက်ထဲကမချ ခေါင်းတောင်မော့မကြည့် "Yohannie ..." Yohan လက်ထဲက ပုံပြင်စာအုပ်ဆွဲလုတဲ့အချိန်နဲ့ Yohan စာမျက်နှာနောက်တစ်မျက်နှာလှန်တဲ့အချိန် တိုက်ဆိုင်တော့ အဲ့ဒီစာအုပ်လေးပြဲသွားလေရောဖြစ်ချင်တော့ အဲ့ပုံပြင်စာအုပ်လေးက Yohan အဖေမဆုံးခင်ကပေးခဲ့တဲ့ နောက်ဆုံးသောစာအုပ်လေး
Byul POV
Yohannie ကရှုံ့ရှုံ့ ရှုံ့ ရှုံ့ နဲ့ အိမ်ထဲဝင်သွားပြီး ပြဲနေတဲ့ စာအုပ်လေးကို အမေဟင်းချက်နေတဲ့ မီးဖိုချောင်ထဲက စင်လေးပေါ်တင်ခဲ့ပြီး အိမ်အပေါ်ထပ်သူအခန်းလေးထဲပြေးဝင်သွားပါရော
"ဟင်းးးးး စိတ်ကောက်သွားတာလား ? သူ့အကြိုက်ဆုံးပုံပြင်စာအုပ်မလို့လား ? ဘာဖြစ်လို့လဲ ?" ကစားနေကြ backyard လေးမှာ မတ်တပ်လေးရပ်ပြီးကျန်နေခဲ့တယ်
အိမ်ထဲဝင်ပြီး Yohan အခန်းထဲသွားနေတဲ့တလျှောက် "ငါဘယ်လိုပြောရမလဲ သူငါ့ကိုစကားမပြောတော့ရင် ဘယ်လိုလုပ်မလဲ?" အတွေးတွေနဲ့ အခန်းတံခါး လော့ခ်ချထားတဲ့အခါကျမှ သတိပြန်ဝင်ပြီး "Yohannah Noona တောင်းပန်ပါတယ် Noona အပြင်မှာစောင့်နေမယ်နော် တံခါးဖွင့်တဲ့အချိန်ထိ" ပြောရင်း အခန်းတံခါးရှေ့မှာ ငုတ်တုတ်လေးထိုင်ရင်း "Noona ပြန်လိုက်တော့ ကျွန်တော်အိပ်တော့မယ်" ဆိုတဲ့စကားတစ်ခွန်းကနေမပိုမပြောခဲ့တဲ့ Yohannie
🎉🎉🎉🎉🎉🎉
ကျောင်းကလည်းတူ မောင်လေးဆိုပေမယ့် မွေးနှစ်တူပြီး မွေးလအရပဲငယ်တော့ အတန်းကလည်းတစ်တန်းထဲ ဒါပေမယ့် ငယ်ငယ်လေးထဲက အငယ်လိုပဲဦးစားပေးခဲ့တော့ "Yohannie နင်ထူထူလေးဝတ်ပါဟယ် ရာသီဥတုကအေးကအေးနဲ့ " "ငါ့အတွက်လုံလောက်တယ်" သိတယ်ဟုတ် ကလေးထဲက လူအေးစကားနည်း ကိုယ့်ဟာကိုဖာသိဖာသာ နေလာခဲ့ပေမယ့် Byul နဲ့တွေ့တိုင်း ပွစိပွစိ အသံတွေကတော့ကြားရစမြဲပဲလေ
ВЫ ЧИТАЕТЕ
I'm back (Zawgyi/Unicode)
Фанфикшнငါဆက်သွားရမလား ငါရပ်ပလိုက်ရမလား Yohan လေးရဲ့ ပထမဆုံးစာအုပ်လေးပါ လိုအပ်တာတွေအများကြီးရှိပါတယ် ❤️ ငါဆကျသှားရမလား ငါရပျပလိုကျရမလား Yohan လေးရဲ့ ပထမဆုံးစာအုပ်လေးပါ လိုအပ်တာတွေအများကြီးရှိပါတယ် ❤️ Thank Q so much for reading and u can share ur opinio...
