ရိပေါ်သိချင်နေတဲ့မေးခွန်းကိုကျိရန်ကအစားဝင်မေးပေးသွားတာမို့ရိပေါ်နှုတ်ဆိတ်လို့သာနေနေလိုက်တယ်။

"အာ အဲဒါလားဒီနေ့ကန်တင်းကကျွေးတဲ့ဟင်းကိုမကြိုက်လို့လေ အဲဒါနဲ့ဒီဘက်ထွက်လာခဲ့တာ ပြီးတော့ ဒီဘက်ကိုလည်းတခါမှမရောက်ဖူးလို့လာကြည့်တာ"

ရှောင်းကျန့်ကထိုသို့ဖြေလိုက်ပေမယ့် ရိပေါ်ကတော့သူ့ဆီများလာတာလားလို့တွေးပြီး လိုရာဆွဲတွေးလိုက်တယ်။

ဒီနေ့ကလေ့ကျင့်ရေးမရှိတဲ့နေ့ဆိုတော့ရှောင်းကျန့်သူ့ကိုသတိရလို့ရောက်လာတာရော မဖြစ်နိုင်ဘူးလား။

အတွေးနဲ့ ရိပေါ် ခပ်ဖွဖွပြုံးမိတော့ ဘေးက ဟောက်ရွှမ်းကသတိထားမိပြီး မေးလာတယ်။

“ဟေ့ကောင် ရိပေါ်ဘာတွေပြုံးနေတာတုန်း”

“ဟမ် .. ငါကလား ဘယ်တုန်းကလဲ”

“ဘာကို ညာချနေတာလဲ မင်းမျက်နှာကြီး ပြုံးဖြီးနေတာကို မြင်နေရတာကို .. ဟုတ်တယ်မှတ်လား ကျိရန်”

ဟောက်ရွှမ်းက သူ့ရှေ့မှာထိုင်နေတဲ့ ကျိရန်ကို အဖော်စပ်ကာမေးလိုက်ပေမယ့် ပြန်ဖြေတာက ရှောင်းကျန့်ဖြစ်နေတယ်။

“အင်း ဟုတ်တယ် ကိုယ်လဲမြင်လိုက်တယ်”

“ထူးဆန်းလိုက်တာဝမ်ရိပေါ် မင်းပြုံးတာကိုမမြင်ရတာ အတော်ကြာနေပြီ”

“ဘာမှမဟုတ်ပါဘူးကွာ .. ဒါနဲ့ မင်းနဲ့မိတ်ဆက်ပေးရအုံးမယ် ဒါက ငါတို့နည်းပြ ရှောင်းကျန့်တဲ့ .. နည်းပြ ဒါက ကျွန်တော့်အချစ်ဆုံးသူငယ်ချင်း ဟောက်ရွှမ်းလို့ခေါ်တယ် ဘတ်စ်စကတ်ဘောအသင်းက”

“နည်းပြကို ကျွန်တော်သိပါတယ် နည်းပြက နာမည်ကြီးပဲလေ”

“အာ မဟုတ်ပါဘူးကွာ မင်းတို့သူငယ်ချင်းတွေက ဒီနာမည်ကြီးတဲ့ကိစ္စကို ပြောရတာ အတော်ကြိုက်ကြတယ်ထင်တယ်”

ရှောင်းကျန့်က မနေတတ်သလို ဂုတ်ပိုးကိုလက်နဲ့ပွတ်လို့ ရှက်ရယ်ရယ်နေတယ်။

မရယ်နဲ့ ခင်ဗျား!

ရှောင်းကျန့်က အဲဒီလိုရယ်လိုက်ရင် အရမ်းဆွဲဆောင်မှုရှိတာမို့ ရိပေါ်ကလူကြားထဲမှာ မရယ်စေချင်ဘူး။

∆ The Pitfall ∆ (Completed)Where stories live. Discover now