#Zawgyi.....
ပါးနေမကောင်းတဲ့နောက်ပိုင်း ကျနော်အရင်တိုင်း အိမ်မာဘဲပြန်နေခဲ့တယ်...
ရုံးကိုလည်း မတက်ချင်ပေမဲ့လည်း တက်ရတော့တာပေါ့ဗျာ....ဟိုပေါက်စနဲ့တော့ သိတဲ့အတိုင်း သူသတ်ငါသတ်နဲ့ နေ့တိုင်း၂ပါးသွားပီး နေကြရတာပေါ့....ပါးကတော့ အသက်လည်းရလာပီဆိုတော့ ရုံးကိုသိပ်မသွားဖစ်ခဲ့တော့ဘူး....
ညီမလေးမိန်းမိန်းကလည်း ကနေဒါမာ စီးပွားရေးနဲ့ပက်သက်ပီး ကျောင်းတက်ဖို့ကိစ္စလုပ်နေတော့ သူလည်းရုံးဘက်ကိုသိပ်မရောက်ဖစ်ခဲ့ဘူး...
အဲ့တော့ ကျနော်နဲ့ ဟိုငစွာဘဲ၂ယောက်သား ကုမ္မဏီ မာအလုပ်ရှူပ်ခဲ့ရတာပေါ့.....ဒိလိုနဲ့ လပိုင်းနည်းနည်းလောက်ကြာလာတော့ ပါးက ကျနော်နဲ့ ဟိုငစွာကို စကားပြောဖို့ဆိုပီး ဒီညစောစောအိမ်ကို ပြန်ဖို့မနက်ကတည်းက မှာထားသည်။
အဲ့တာနဲ့ ကျနော်နဲ့သူလည်း ညနေစောစောရုံးဆင်းပီး အိမ်ကိုပြန်ခဲ့ရတော့သည်။
.
.
.
.
.
.
.
.
ညစာစားပီးတော့ ကျနော်ရယ် ပါးရယ် ငစွာရယ် သူ့မာမားရယ် ၄ယောက်သား ဧည့်ခန်းမာ စကားပြောဖ်ို့ နေရာယူလိုက်ကြတယ်...
ဒီကိစ္စက ညီမလေး မိန်းမိနိးနဲ့ မဆိုင်တော့ ညီမလေးကလည်း ညစာစားပီးတာနဲ့ သူ့အခန်းသူပြနိနေလိုက်တယ်...."...ပါး....သားတို့ကိုပြောစရာရှိတယ်ဆို..."
"....ဘာပြောမို့လဲ..ပါး...ခါတိုင်းနေ့တွေတုန်းကလည်း ပြောလို့ရတာဘဲကို...ဒီနေ့မှထူးထူးဆန်းဆန်း လူစုပီးပြောရတယ်ဆိုတော့...."
စကားဝ်ုင်းကတိတ်နေတော့ ကျနော့်ဘက်ကဘဲ အရင်စပီး ပြောပေးရတာပေါ့....
"...ပါး အခုပြောမဲ့ကိစ္စက ရိပေါ်မားနဲ့ အရင်ကတည်းက တိုင်ပင်ထားပီးသားကိစ္စပါ...."
"...သားတို့ကိုပြောမယ်ဆိုပီး လုပ်ထားတာ..ဒီကြားထဲ ပါးက ကျန်းမာရေးသိပ်မကောင်းတော့ မပြောဖစ်ခဲ့ဘူး...."
ရိပေါ်မားနဲ့ အရင်ကတည်းက ပြောထားတဲ့ကိစ္စဆိုတော့ ကျနော်လည်းနည်းနည်းတော့ကြောင်မိသွားသည်။
ကျနော့်တျောက်တည်း ကြောင်သာမဟုတ်ဘဲ ဟိုငစွာကိုကျိလိုက်တော့လည်း သူလည်းငုတ်တုတ်ကြီးအကြောင်လျက်သား.....
