"ဘုရား ဘုရား မကြံကောင်းမစည်ရာတွေ။ငါနဲ့သူနဲ့သာ တွဲရင် တချိန်လုံး သတ်နေရမှာ"

"အချစ်ကအနားမှာပါလေ~~"

ရွှတ်နောက်နောက်ပြောရင်း စလိုက်တဲ့ရှိန်းကို ယော လက်သန်းကြွယ် ​ထောင်ပြလိုက်သည်။
(တကယ်ကြီး လက်သန်းကြွယ်ထောင်ပြတာပါ :3)

*****

*ဒေါက် ဒေါက်*

"ဆတ် ဝင်ခဲ့မယ်နော် ကိုကို"

နေသစ်ရုံးခန်းထဲမှာ စာရင်းတွေနဲ့ မအားလပ်နိုင်တာမို့
ဆတ်ကို အကူညီတစ်ခုတောင်းရန် ခေါ်လိုက်ခြင်းပေ။

"ငယ်လေး ကိုကို့ ကိုတစ်ခုလာက် ကူညီပါလား"

"ရတယ်လေ ကိုကို ။
Wait! ကိုကို မိန်းမ တင်တောင်းခိုင်းတော့မလို့လား"

ရုပ်တည်ကြီးနဲ့ ပြောင်ချော်ချော် လုပ်နေတဲ့ ခွန်ဆတ်သာကို ​နေသစ် အသည်းယားစွာ ​ခေါင်းတစ်ချက်ခေါက်လိုက်သည်။

"အကို့ကို ​နောက်စရာလား။
ကဲ..အတည်ပြောမယ်။ဒီနေ့နိုင်ငံခြားက shareရှင်အသစ်တွေ ပြန်မှာမို့ ကိုကို့အစား လေဆိပ်ကို သွားပေးပါလား ငယ်လေး "

"ဟုတ် ရတယ်လေ ကိုကို။ဆတ်သွားလိုက်မယ်။စိတ်ချပါ ကိုကို"

"ကိုကို့ ငယ်လေးက တကယ် လူကြီးလေးဖြစ်နေပြီ"

နေသစ်တစ်ယောက် ဆတ်သာကို သွားခိုင်းတာ တခြားမဟုတ်။
အခု shareရှင်တွေ ဆတ်သာကို အသိအမှတ်ပြုပြီး နောက်အလားအလာကောင်းတွေ ရှိလာဖို့သာ ရည်ရွယ်ထားခြင်းဖြစ်သည်။

ရုံးဆင်းချိန် ဖြစ်သော်လည်း ယောတို့ Accountဌာနက လူတွေကတော့ ကွန်ပျူတာရှေ့မှာ ထိုင်လို့ကောင်းတုန်း။
Head ခွန်ဆတ်သာက over time ဆင်းဖို့ ပြောထားခြင်းကြောင့်သာဖြစ်သည်။

At-7PM

All black နဲ့ကြည့်ကောင်းနေသည့် ဆတ်သာတစ်ယောက် ရုံးခန်းထဲက ထွက်လာသည်။

"ကဲ ဒါဆိုအားလုံးပဲ ဒီနေ့အတွက် ပင်ပန်းသွားပါပြီ။
ဆတ်လည်း သွားစရာလေးရှိသေးလို့ ဒီနေ့တော့ စောစောပြန်လို့ရပါပြီ"

ခွန်ဆတ်သာရဲ့ စကားကို ကြားမှ အားလုံးလည်း တတ်ကြွပြီး ပြန်ဖို့ ပြင်ဆင်ကြတော့တယ်။

Non Romantic System(Completed)Where stories live. Discover now