Arc.3.10(ဖန်ခင်ယွီဘဝ)

15.9K 1.9K 49
                                    


Zawgyi

ချင်ယွီတစ်ယောက် Foxရဲ့ missionကြောင့် ဇာတ်လိုက် မုထျန်းလောင်ရဲ့ ပါတီဖိတ်ခေါ်မှုကို လက်ခံလိုက်သည်၊ အခု မုထျန်းလောင်ပို့လိုက်တဲ့ အဖြူရောင်အနောက်တိုင်းဝတ်ရုံကို စိတ်ပျက်စွာကြည့်နေသည်၊
'ငါတကယ် အဖြူရောင်ကို မုန်းတယ်!ငါရဲ့ခန့်ညားတဲ့ရုပ်ရည်က အနက်ရောက်ဝတ်ရုံနဲ့မှ ပိုတောက်ပမှာလေ!'

[Fox: အဓိကက ဝတ်ရုံမဟုတ်ဘူး... ယွမ်ယွမ်ရေ! အဲ့ပွဲက မုထျန်းလောင်နဲ့ ဟွာကျိယန်တို့ စေ့စပ်ပွဲလို့တောင် သတင်းထွက်နေပြီ]

'...' ငါ့ကို ကျော်ပြီး အဲ့ဟွာကျိယန်ကို ရွေးချယ်လို့ကတော့ ခင်ဗျားဟာကို ဖြတ်ပြီး မြေခွေးစာကျွေးပစ်မယ်! မကောင်းဆိုးဝါးကောင်ကြီးရေ

ချင်ယွီ အဖြူရောင်အနောက်တိုင်းဝတ်စုံကိုဝတ်လိုက်ပြီး ဆံပင်ကို မျက်နှာပေါ်အောင် အပေါ်ကို သပ်တင်ထားပြီး သူကိုကြိုဖို့ လွှတ်လိုက်သည့် ကားပေါ်တတ်လိုက်ပြီး ပါတီကိုထွက်လာခဲ့လိုက်သည်၊သူချစ်သူက အရင်သွားနှင့်လို့ပြောလိုက်ပေမယ့် သူရဲ့အောက်မျက်ခမ်းတွေ လှုပ်နေသည်၊ငါတော့ ဘာကြောင့်မကြာခင် ပြသာနာရှာခံရမယ်လို့ ထင်နေရတာလဲ...

မုမိသားစုက တကယ်ချမ်းသာတဲ့မိသားစုကြီးလို့ပြောလို့ရသည်၊နာမည်ကြီး ရုပ်ရှင်မင်းသား၊မင်းသမီးတွေတောင် စီးပွားရှင်အချို့နဲ့တတ်လာသည်ကိုး...ဒရိုင်ဘာဟာ ကားတံခါးကို ဖွင့်လိုက်တော့ သူဆင်းမည်အလုပ် ယောကျာ်းဆန်တဲ့လက်ဝါးတဖက်ဟာ သူရှေ့ကို ရောက်လာတာကြောင့် မော့ကြည့်လိုက်တော့ သူကို ချစ်မြတ်နိုးစွာကြည့်ပြီး ပြုံးပြနေတဲ့ မုထျန်းလောင်ကို တွေ့လိုက်ရသည်၊ ချင်ယွီစိတ်ထဲ ကြည်နူးသွားပေမယ့် ခပ်တည်တည်ဖြင့် သူလက်လေးကို မုထျန်းလောင်လက်ထဲထည့်လိုက်ပြီး...

"ကျွန်တော့်ကို လူမုန်းများအောင် လုပ်နေတာပဲ မုသခင်လေးရာ"

"အိုး...ကောင်းတာပေါ့ ကိုယ်တစ်ယောက်ထဲ မင်းကိုချစ်ပေးမယ်လေ"
ချင်ယွီ တချက်ရယ်လိုက်ပြီး မုထျန်းလောင်ကို မကြည်ကြည့်တချက်ကြည့်လိုက်ပြီး လက်မောင်းကို ဖက်လိုက်ကာ ခန်းမထဲသို့တူတူဝင်လာတော့သည်၊

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now