Chapter-4

3.6K 685 33
                                    

[Unicode]မိုတိသည်ခေါင်းငုံ့လိုက်၏။လက်သီးဆုပ်လိုက်ပြီးနောက်ပြန်လည်ဖြေလျော့လိုက်၏။နောက်ဆုံးတွင် အစောင့်များမလှုပ်ရှားမှီ အထဲသို့ဝင်လိုက်၏။

တံခါးနားသို့ရောက်သည့်အခါ ခေါင်းမော့၍ မျက်လုံးများကကြောက်ရွံ့မှုအားပြသ၍တောင်းပန်၏။
“အဖေ ကျွန်တော့်ကို ကြိုးမတုပ်ပါနဲ့…နဲ့လား?”

မိုလျှိုကွေ့သည်ဤသည်ကိုကြားသည်နှင့် ချက်ချင်းပြော၏။ 
“အဖေ ဘာလို့ရှောင်တိကိုကြိုးနဲ့တုပ်ချင်တာလဲ? ရှောင်တိကိုကြိုးနဲ့မတုပ်ပါနဲ့ သူကခုမှဆေးရုံကပြန်လာတာလေ!”

“အိုက် ငါ့ရဲ့မိုက်မဲတဲ့သမီးလေး။ဘာလို့…”

မိုရှီဟုန်သည် မိုလျှိုကွေ့အားချစ်မြတ်နိုးစွာကြည့်၍ ထပ်၍မပြောနိုင်တော့။သူသည်သက်ပြင်းချ၍ မိုတိအားပို၍ပြင်းထန်စွာဒေါသထွက်လာ၏။ဓားများပါသောမျက်လုံးများနှင့်မိုတိအားစိုက်ကြည့်၍   “မင်းကအဲ့မှာရပ်နေတုန်းပဲ! မင်းအစ်မကိုကြည့်လိုက်။သူကမင်းကြောင့်ထိခိုက်သွားတာတောင် သူ့နှလုံးသားထဲမင်းရှိနေတုန်းပဲ။မင်းရဲ့အသိတရားကဘယ်မှာလဲဆိုတာငါ့ကိုပြော!!!”

မိုတိသည်တိတ်ဆိတ်နေပြီးမိုရှီဟုန်အားမျက်လုံးနီများဖြင့်ကြည့်၏။ဤအချိန်တွင် ကျွမ်းထိုးမှောက်ခုံကျမှုမှပြန်လည်နလန်ထူလာခါစဖြစ်သေယ မိုဝုဟန်းသည် သန့်စင်ခန်းမှထွက်လာ၏။မိုတိအားမြင်လိုက်ပြီးအသိစိတ်လွတ်သွား၏။

မိုတိဆီသို့တိုက်ရိုက်သွယး၍ မျက်နှာအားတစ်ချက်ထိုးလိုက်၏။

မိုတိသာ်ရှောင်တိမ်းချင်သော်လည်း မိုစစ်လန်ရောက်လာ၍ သူ၏နောက်တွင်လှောင်ပြုံးဖြင့်ရပ်လိုက်၏။အချိန်မီမရှောင်လိုက်နိုင်ဘဲ သံလက်သီးဖြင့်အထိုးခံလိုက်ရ၏။လက်သီးသည်သူ၏အမြင်အာရုံအားဝေဝါးမှောင်မိုက်စေပြီး အနံ့ပြင်းပြင်းအညှီနံ့တစ်ခုက စူးရှသောနာကျင်မှုနှင့်အတူ နှာခေါင်းနှင့်နှုတ်ခမ်းများထဲတွင်ပျံ့နှံ့လာ၏။

မိုတိသည်ခါးကွေးလိုက်သည်နှင့်အညီနာကျင်စွာအသက်ရှုထုတ်လိုက်၏။သူ၏ပါးစပ်အားသုတ်လိုက်သည်က လက်ဖဝါးကိုသွေးစွန်းစေ၏။

အသေခံဇာတ်ပို့တစ်ယောက်၏ပြန်လည်ရှင်သန်ခြင်း[ဘာသာပြန်]Where stories live. Discover now