မျက်မမြင် အချစ်(၁)

1.6K 64 5
                                    

တီးလုံးမြူးမြူးလေးတွေကြားမှာ ကခုန် ပျော်ပါးနေကြတဲ့ သူတွေ.....
ဒီနေရာဟာ ဆေးလိပ်အနံ့ ၊ ယမကာအနံ့တွေနဲ့ ပြီးတော့ အတူတွဲကနေကြတဲ့ ယောကျာ်း ၊ မိန်းမတွေ အကုန်လုံးဟာ သူ့အလုပ်နှင့်သူ ဘယ်သူ့ကိုမှ အာရုံမထားမိကြပါ ။ ဒီလူအုပ်ထဲမှာ ချမ်းသာတဲ့ မိသားစုက သားသမီးတွေရော ၊ အမှောင်လောက ကလူတွေရော ၊ ပြီးတော့
စည်းရောင်စုံတို့လို့ ညမင်းသား......

စည်းရောင်စုံ Zee Clubထဲကို ဝင်လာသည်နှင့် အားလုံးရဲ့ အကြည့်တွေဟာ စည်းရောင်စုံဆီက မခွာနိုင်ကြတော့ပေ.... ။

စည်းရောင်စုံ...... ဟုတ်ပါသည် ။ စည်းရောင်စုံလို့ပြောရင် ဒီလောကမှာ မသိသည့်သူ ခပ်ရှားရှားရယ်.....
ငယ်ငယ်ထဲက တစ်ကောင်ကြွက်တစ်ယောက်ဖြစ်ပြီး
မိဘ ၊ ဆွေမျိုး အသိုင်းအဝိုင်း တစ်ယောက်မှ မရှိ ။ သိတက်စအရွယ်ထဲက အိမ်တစ်လုံးပဲရှိပြီး ဘယ်သူမှမရှိသော မိမိကို ရပ်ကွက်ထဲက သူတွေ ပြောကြတာက ကောင်လေးက သနားပါတယ် တအိမ်သားလုံး ကားမှောက်ဆုံးသွားကြတာ သူတစ်ယောက်ပဲ ကျန်ခဲ့တယ်တဲ့.......

သနားသလိုလို ၊ နှိမ့်ချသလိုလို ပြောနေကြသော ထိုစကားတွေဟာ စည်းရောင်စုံအတွက်တော့ ယဉ်ပါးနေပြီဖြစ်သည် ။

ကိုယ့်ဝမ်းအတွက် ကိုယ်မနည်းရှာဖွေနေရရင်း တနေ့လုပ်စာ တနေ့စားရဖို့ အရွယ်နဲ့မလိုက်အောင် ကုန်တွေ ထမ်းခဲ့ရသည် ။ ကျောင်းကိုလည်း တခြားကလေးတွေနဲ့ တန်းတူတက်စေချင်သော အိမ်နီးနားချင်း အဖွားလေးက ကျောင်းတက်စအရွယ်မှာ ထားပေးခဲ့လို့ ၉တန်းထိသာ တက်ခဲ့ရသည် ။ ညဏ်ကောင်းသော်လည်း ထောက်ပံ့မှု မရှိသော မိမိက ပညာရေးထက် ဝမ်းရေးကို ဦးစားပေးကာ
ကျောင်းထွက်ခဲ့သည် ။ ရရာအလုပ် ဝင်လုပ်ကာ ဝမ်းရေးကို ဖြစ်သလို ဖြည့်ဆည်းရသည် ။ မိမိအတွက် နေစရာ အိမ်ရှိ၍သာ
ကံကောင်းသည် ။ ထိုအိမ်သာ မရှိခဲ့ရင် မိမိက နေစရာမရှိတဲ့ သူတစ်ယောက်အဖြစ် ဘယ်မှာ ဘာလုပ်ရမှန်းတောင် သိမည်မဟုတ် ။

ရရာအလုပ်လုပ်သော်လည်း နိုင့်ထက်စီးနင်း ပြုလုပ်ကြတဲ့ သူတွေကြောင့် ခါးကျိုးအောင်လုပ်သော်လည်း စားစရာမရှိတဲ့ ရက်က ရှိသေးသည် ။ တစ်ခါတလေ လောကကြီးကို စိတ်ကုန်ပြီး
ထွက်သွားချင်မိသည် ။
သို့သော် မိဘနှစ်ပါးက ပေးခဲ့သည့် တစ်ခုတည်းသောအမွေ အသားကဖြူဖြူ ၊  မေးရိုးသွယ်သွယ် ၊ နှာတံလုံးလုံးနှင့် နှုတ်ခမ်းဖူးလေးတွေရယ် မွေးရာပါ ပြာလဲ့လဲ့ မျက်ဝန်းအစုံရယ် ပြီးတော့ မျက်ခုံးထူထူ ၊ မျက်တောင်ကော့ကော့လေးတွေကြောင့်
Zee Club ပိုင်ရှင် ဒေါ်ကလျာက ကုန်စိမ်းထမ်းနေတဲ့ မိမိကို အမှတ်မထင် တွေ့သွားရာ မိမိကို Club မှာ
အလုပ်လုပ်စေသည် ။ အစကတော့ waiterအနေနဲ့ လုပ်ခဲ့ပေမယ့်
တံငါနားနီး တံငါဆိုသလို အလွယ်တကူ ဝင်နေသော ပိုက်ဆံထုပ်ကို မြင်ကာ လိုချင်တပ်မက်လာမှုကို တားဆီးလို့မရ ။

မျက်မမြင် အချစ် (မျက်မမြင် အချစ်)boy LoveWhere stories live. Discover now