


.........................................................................


ဝေဖန်ပေးကြပါ😅


{Unicode}

ကောင်းကင်ဘုံရဲ့တစ်ထောင့်တစ်နေရာတွင်
ဖြူလွှလွှအရိပ်ကလေးက လက်ထဲတွင်ယုန်တစ်ကောင်ကိုပွတ်သပ်နေသော်ငြား မျက်ဝန်းထဲတွင်တော့ဝမ်းနည်းရိပ်အပြည့်ဖြင့်....

"အရှင်....."

"ဘာကိစ္စလဲ Noii...."

စကားပြန်ပြောနေသော်ငြား အရှင်ဆိုသည့်သူ၏ မျက်ဆံပြာတွေကတော့ လက်ထဲကယုန်လေးဆီမှမခွာ

"ကောင်းကင်ဘုံရဲ့ အရှင်ကို ခေါ်ပြီး စကားမပြောတာ အပြစ်ဒဏ်မြောက်တယ်ဆိုတာ သိတယ်မလား စစ်သူကြီးNoii"

"ခွင့်လွှတ်ပါအရှင်  ကျွန်တော်မျိုး အရှင့်ကို အနှောင့်ယှက်ပေးဖို့မရည်ရွယ်ပါဘူး  အရှင့်သားအကြောင်းပြောချင်လို့ပါ အရှင်"

အရှင့်သားဆိုသည့် နာမကိုကြားခါမှ စစ်သူကြီးအားပြန်ကြည့်လာသော အရှင့်၏မျက်ခုံးအစုံက တွန့်ချိုးလျက်..........

"အရှင့်သားရဲ့parallel universeထဲကို အပြင်က ဝိဉာဉ် တပိုင်းက အခွင့်မရှိဘဲ ဝင်ရောက်လာလို့ ပြသနာအနည်းငယ် ရှိနေပါတယ်"

"ဖျက်စီးလိုက်......ဝိဉာဉ်ရော အဲ့ကမ္ဘာရော.."

ယုန်လေးကိုပွတ်သပ်ပြီး ပြောနေတဲ့ အရှင်ပုံစံမှာ စိတ်ထားနူးညံ့ပုံဆောင်သော်လည်း ထိုစကားကိုလွယ်လွယ်နဲ့ပြောသည်သာမက ဖျက်စီးဖို့ကိုပင် မျက်တောင်မခတ်ပဲပြောနိုင်ပုံမှာ အင်မတန်ရက်စက်လွန်းလှသည်။

"ဒါပေမဲ့အရှင်......ဟိုကောင်လေးရဲ့ဝိဉာဉ်အပိုင်းအစကိုရော.....အရှင့်သားရဲ့ဝိဉာဉ်စွမ်းအားပြန်မကောင်းသေးသလို အဲ့ကောင်လေးရဲ့ဝိဉာဉ်ကလည်း အပိုင်းပိုင်းဖြစ်နေတုန်းပါ.......အဲ့ကောင်လေးက..အရှင့်သားအတွက် သူကိုယ်တိုင်ဝိဉာဉ်ကို အရှင့်ဆီမှာ အဖြိုခွဲခံခဲ့တာပါ.....အခုချိန်ဖျက်စီးလိုက်ရင်.....အကုန်  ပျက်စီး..."

စကားမဆုံးခင် အရှင့်ဆီကထွက်လာတဲ့ရယ်သံလွင်လွင်လေးကြောင့် နောက်ပါအခြွေရံတွေကော စစ်သူကြီးကပါ ကြောင်အအ

"Noii.....ကိုယ်တော်မင်းကိုတုံးတယ်လို့ပြောတာ တကယ်မှန်နေတာပဲ  "

"ကိုယ်တော်နဲ့အဲ့ကလေး အပေးအယူအကြောင်းကိုယ်တော်မှတ်မိတယ်  သူ့အတွက်စိတ်ပူစရာမလိုပါဘူး......ခုဖျက်စီးခိုင်းတာကလည်း အခွင့်မရှိဘဲ ကိုယ်တော့်systemထဲခိုးဝင်လာတဲ့ ဝိဉာဉ်ရယ် အခုအရှင့်သားရောက်နေတဲ့ parallel worldတစ်ခုရယ် အဲ့တာလေးပဲ အရှင့်သားရဲ့ဝိဉာဉ်ကိုအဲ့ကမ္ဘာထဲကနေတခြားကိုပြောင်းခိုင်းတာ universeကြီးတခုလုံးကို ဖျက်စီးခိုင်းတာမှမဟုတ်ဘဲ......မင်းအတွေးလွန်နေပြီNoii"

"ခွင့်လွှတ်ပါအရှင်.......ကျွန်တော်အတွေးတိမ်သွားမိတယ်"

"ရတယ် ထတော့ မင်းဒီလိုကြာကြာဒူးထောက်ထားမယ်ဆိုရင်မင်းခန္ဓာကိုယ်ကပြန်ပြီးချို့ယွင်းသွားလိမ့်မယ်.....ကိုယ်တော်ပြောတဲ့ကိစ္စကိုပဲသွားလုပ်ပါ....."

"ကျွန်တော်ရဲ့ အသက်နဲ့ဘဝကိုအရှင်ပိုင်ပါတယ်........အရှင့်အတွက်ဆိုကျွန်တော်ဘာမဆိုစွန့်လွှတ်မှာပါ...."

Noii၏အပြောကိုအရှင်ဆိုသောသူက
"ငတုံးလေး"ဆိုသောအပြောတခွန်းနဲ့သာတုံ့ပြန်လေ၏။
.........................................................................

အပိုင်းတိုလေးဆိုပေမဲ့ ဒီနေရာကရှုပ်ချင်ရှုပ်နေပါလိမ့်မယ်
ဒါပေမဲ့ ဒါကနောက်ပိုင်းမှာကအကြောင်းတွေနဲ့ဆက်စပ်နေမှာမို့ ဖတ်ပေးကြပါနော်❣️

နားမလည်ဘူးဆိုလည်းမေးလို့ရပါတယ်
ဝေဖန်ပေးကြပါ😅

ဖတ်ပေးတဲ့လူတစ်ဦးစီတိုင်းကိုကျေးဇူးတင်ပါတယ်❣️❣️

ဖတ်ပေးတဲ့လူတစ်ဦးစီတိုင်းကိုကျေးဇူးတင်ပါတယ်❣️❣️

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အရွင္&Noii
အရှင်&Noii

shipဖို႔အတြဲတစ္တြဲရၿပီ🤣🤣
shipဖို့အတွဲတစ်တွဲရပြီ🤣🤣

Rebounding System(OC)Where stories live. Discover now