"ဟင်! ဘာဖြစ်လို့လဲ? အစ်ကိုရှောင်း သူတို့ကို သိလို့လား??"
"သူတို့က Sign Language မေဂျာက ဂျူနီယာတွေ.. သူတို့ club ကို join ဖို့ ခဏခဏလာခေါ်တယ်"
"အော်... ဒါကြောင့် Sign Language သုံးပြီး ပြောနေကြတာကိုးး
အဲ့လိုပြောတဲ့သူတွေ တစ်ခါမှ မတွေ့ဖူးဘူး.."
"အစ်ကိုရောပဲ"
"အယ်..."
"အကြားအာရုံ ချို့ယွင်းကြတာခြင်းတူတူကိုမှ အဆင့်တွေနဲ့ အသီးသီး သတ်မှတ်ပြီးသား.. တော်တော်များများက Sign Language ရဲ့ အဓိပ္ပာယ်ကို မသိကြဘူးလေ...
အများစုက အလုပ်ရှုပ်တယ်လို့မှတ်ကြတယ်.. အစ်ကို အပါအဝင်ပေါ့... လိုမှမလိုအပ်ပဲလေ...
အစ်ကိုက နားကြားကိရိယာရဲ့ အကူအညီနဲ့ ၄၀% လောက်တော့ ကြားရပေမယ့် မပါရင်ကျ လုံးလုံးမကြားရဘူးလေ...
အဲ့လိုဆိုပြီး Sign Language လည်း မဖြစ်မနေသင်စရာမလိုပြန်ဘူး..."
"စားကြရအောင်... အဲ့လိုလုပ်ရမှာလား" သူတို့ဟာသူတို့ လေ့ကျင့်ရင်းပြောနေကြတဲ့ ဒီမိန်းကလေးတွေက ရှောင်းကျန့်အတွက် မနှစ်သက်ချင်စရာပါပဲ ..
"ပြီးတော့ အကိုက.. နှုတ်ခမ်းလှုပ်ရှားတာကို ကြည့်ပြီး ပြောတာလေ..."
"အဲ့တာပို မခက်ဘူးလား အစ်ကိုရှောင်း"
"အဲ့လို မခက်ပါဘူး...လူတိုင်းက တစ်ခုခုကို သတ်မှတ်ပြီး အလေ့အကျင့်နဲ့ သင်ယူရတာပဲလေ..ဝမ်ရိပေါ်နဲ့ဆိုရင်တော့ ပိုတောင်လွယ်ပါသေးတယ်.."
"ဘာလို့လဲ? ဘာလို့လဲ?"
"စကားပြောတာကျယ်တယ်ဆိုပြီး တစ်ယောက်ယောက်ပြောတာ ကြားဖူးလား?? "
"အာ... ကြားဖူးတာပေါ့... မင်းအသံက စောင်ရမ်းကျယ်တယ် နားငြီးတယ် ဆိုပြီး အပြောခံနေကျလေ..."
"ဒါကောင်းတဲ့အရာပါ... အသံကျယ်တဲ့သူက လူတွေနဲ့ ပိုပြီး ထိထိရောက်ရောက် ဆက်သွယ်နိုင်တယ်တဲ့ ကြားဖူးတယ်.. ဒါ့ကြောင့်လည်း အစ်ကိုနဲ့ ဝမ်ရိပေါ် စကားလွယ်လွယ် ပြောလို့ရတာ... အစ်ကို့ကို ထပ်ခါထပ်ခါပြောပြနေစရာ မလိုလို့ ကောင်းတာပေါ့..."
"ကျွန်တော့်ကို ဝမ်ရိပေါ်လို့ မခေါ်ပါနဲ့လား?.. "
"ဟင်??" ပြောနေတဲ့စကားနဲ့တခြား ထပြောလာတဲ့ ရိပေါ်ကြောင့် ရှောင်းကျန့်မှာ ပါးစပ်အဟောင်းသားလေး..
YOU ARE READING
Except Your VOICE (Completed)
FanfictionUnicode အကြားအာရုံ ချို့ယွင်းနေတဲ့ကောင်လေး ကြားရတဲ့ တစ်ခုတည်းသော ရှင်းလင်းတဲ့ အသံပိုင်ရှင် ကောင်လေး... လူတွေရဲ့ဖယ်ကျဉ်ခြင်းခံရပြီးနောက် လူတွေနဲ့ဝေးရာဆီမှာ နေတတ်လာတဲ့ကောင်လေးဆီ ပွင့်လင်းပြီး အပေါင်းအသင်းများတဲ့ ကောင်လေးက ဝင်ရောက်လာတဲ့အခါ.... Zawgyi အ...
PART 2(Unicode)
Start from the beginning
