Chapter - 51

29.3K 4.5K 727
                                    

#Unicode

ပင်လယ်ရေရဲ့ ညိမ့်ညောင်းလှတဲ့လှုပ်ခါမှုကြောင့် စက်လှေကြီးကရမ်းခါနေပြီး လှိုင်းခမ်သံတွေကြား တခါတရံတောင်တန်းတွေဘက်ကိုပျံသန်းနေတဲ့ ငှက်သံတချို့ကိုပါကြားနေရတယ် … တစ်ချိန်လုံးရုန်းကန်ကာ ဟစ်အော်ဖို့ကြိုးစားနေခဲ့တဲ့ ရက်စ်ဒီဟာလဲ မောဟိုက်စွာဖြင့် အိပ်ပျော်သွားခြေပြီ …

ရှန်ဝေတစ်ယောက်ထည်း တိတ်ဆိတ်နေတဲ့ လှေကြီးပေါ်မှာထိုင်ရင်း လရောင်အောက်၌ အဆုံးမဲ့တဲ့ ပင်လယ်ပြင်ကြီးငေးကာ အတွေးရေယဉ်၌ မြောပါသွားလေတယ် …

လက်တစ်ဖက်က လက်မောင်းပေါ်က ဒါဏ်ရာကိုဖိနှိပ်ထားလျှပ် ခပ်ကျယ်ကျယ်လေး လျှောင်ရယ်လိုက်တယ် …

ကျည်မှန်ဖူးတာက သူ့အတွက်ပထမဆုံးအကြိမ်ဆိုတာ လိမ်လည်ထားတဲ့အရာတစ်ခုပင် … တကယ်တော့ တစ်ချိန်တုန်းက ရှန်ဝေဟာ အားလုံးရဲ့ပြစ်ပယ်ချင်းကိုခံရတဲ့ကလေးတစ်ယောက်ဖြစ်တဲ့အပြင် စိတ်လေပြီး လမ်းမှားကိုရောက်သွားဖူးခဲ့တယ် … သူ့အတွက်ထိခိုက်ဒါဏ်ရာဆိုတာက ပြောပလောက်စရာမရှိတဲ့ ပုံမှန်အရာတစ်ခုလိုပါပဲ … ဒါပေမဲ့ မတူညီတဲ့အရာကတော့ သူ့မှာဂရုစိုက်ပေးမဲ့သူရှိမနေခဲ့ဘူး …

လူတွေက အယ်ဖာနဲ့ဘီတာယှဉ်လိုက်လျှင် ညီအကိုဖြစ်နေလျှင်တောင်မှ အယ်ဖာကိုသာပို၍ ဦးစားပေးကြတယ် … ဒီလောကကြီးမှာ သူကဘီတာတစ်ယောက်ဖြစ်နေတာကြောင့် သူ့မှာနေစရာနေရာမရှိခဲ့ဘူး … အားလုံးရဲ့ပြစ်ပယ်ချင်းကိုခံခဲ့ရတယ် …

" ရှန်ဝေ … မင်းကဘီတာဖြစ်နေလို့ ငါတို့မိသားစုဂုဏ်ကိုမမြှင့်တင်နိုင်ဘူး …

သွားမင်းအဖိုးလို မြေအောက်ဂိုဏ်းတွေမှာ သွားနေလိုက် …

အလင်းလောကမှာ မင်းလုပ်နိုင်တာ ဘာမှမရှိဘူး "

ဒီစကားတွေက မိခင်ရဲ့အမျိုးတွေဘက်ကအမြဲပြောနေတတ်တဲ့စကားတစ်ခွန်းဖြစ်ပြီး မိခင်နဲ့သူ့ရဲ့ဆွေမျိုးတွေ အမြဲစကားများလေ့ရှိတယ် … မိခင်က သားအိမ်ရောဂါဖြစ်နေတာကြောင့် နောက်ထက်ကလေးမယူနိုင်ဘူး  … ဖခင်က နိုင်ငံ့ဝန်ထန်းတစ်ဦးမို့ ရှန်ဝေကို စုံစမ်းရေးမှုတစ်ယောက်ဖြစ်အောင်ပျိုးထောင်ပေးခဲ့တယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now