"Oh...! မင်းက မင်းသတ္တဝါလေးကို အတော်ကာကွယ်ပေးတာပဲ...."
ဝမ်ရိပေါ်... ရှောင်းကျန့်နားတဖြည်းဖြည်း တိုးကပ်လာကာ ရှောင်းကျန့်အပေါ် အုပ်မိုးလုနီးပါးပင်....
"ရိပေါ် မင်းဘာတွေ ပြောနေတာ လဲ...."
ရှောင်းကျန့်....ဘာမှ မဖြစ်သလို ပြန်ဖြေလိုက်သော်လည်း အတွင်းစိတ်၌မူ
ဘာလဲ ဒီလူသားသိနေတာလား ဆိုသည့်အတွေးတို့ဖြင့်ပြည့်နှက်နေသည်....
"ဆိုတော့ကား ....ဒီအိမ်ကို ဒီလိုဖြစ်စေတဲ့လက်သည် ဘယ်သွားလဲမသိဘူး ပေါ့......"
ဝမ်ရိပေါ် သည်ကား ရှောင်းကျန့်နဲ့ပို၍နီးကပ်လာသည်....
ရှောင်းကျန့် ဤအနေအထားကို နှစ်သက်ခြင်းမရှိ၍
ဝမ်ရိပေါ် လက်အတွင်းမှ လွတ်မြောက်ဖို့အတွက် မတ်တပ်ရပ်ရန်ကြိုးစားလိုက်သည်...
ရှောင်းကျန့်.... ဤသို့ပြုမူလိုက်မှ ပိုဆိုးသွားသည်.....
ဝမ်ရိပေါ် ရှောင်းကျန့်ကို ဆိုဖာ ပေါ် လှဲချလိုက်ပြီး
အပေါ်ကနေ ဖိထားသည်....
တစ်ယောက်၏ဝင်လေထွက်လေများက အချင်းချင်း ထိကပ်နေသည်အထိပင် ....
"ဒီတော့ ဒီသတ္တဝါလေးက ဘာလေးလဲ.... "
ဝမ်ရိပေါ် မီးဖိုချောင်ထဲမှာ လူသားပုံစံသို့ ပြန်လည်ပြောင်းကာ ပုန်းနေသည့် အားကျိကိုမေးငေါ့ပြလိုက်သည်....
ယခင်က မောက်မာဝံ့ကြွားလှသည့် အနှီမှော်သားရဲမှာ
ယခု တစ်စုံ တစ်ရာ ၏ စွမ်းအား ဖိနှိပ်မှုကိုခံနေရသည့်အလား ငြိမ်ကုပ်နေသည် ....
"......"
ရှောင်းကျန့် ဤအမေးကို မမျှော်လင့်ထားပေ....
ဝမ်ရိပေါ် စကားကြောင့်
ရှောင်းကျန့် ဘယ်အချိန်က ပြန်ပြောင်းလိုက်လေမှန်း မသိသော အားကျိကို ဒေါသထွက်စွာ စူးစိုက်ကြည့်လိုက်သည်.....
ဟုတ်သည်လေ....လူသားပုံစံ မပြောင်းလဲလျှင် ဝမ်ရိပေါ် သိနိုင်စရာအကြောင်းအရင်းမရှိပေ....
ရှောင်းကျန့် ဝမ်ရိပေါ်ကို ရုတ်တရက် အားနဲ့ဆောင့်တွန်းလိုက်သောကြောင့် ဝမ်ရိပေါ် ဆိုဖာပေါ်ကနေတောင် လိမ့်ကျသွားသည်.....
ဝမ်ရိပေါ် သူလိမ့်ကျလို့သာ လိမ့်ကျသွားသည်....ရုတ်တရက်ဆန်သည့် အပြုအမူ ကြောင့် ဝမ်ရိပေါ် ဘာဖြစ်သွားမှန်းမသိလိုက်ရသေးခင်မှာပဲ....
ရှောင်းကျန့်မှာ အားကျိကို ဆွဲခေါ်၍ အိပ်ခန်းတံခါးကို ဆောင့်ပိတ်လိုက်လေသည်....
ВЫ ЧИТАЕТЕ
The Same L💗VE (completed )
Фанфикшнနတ်ဘုရား မျက်ရည်စက် တစ်ခုကနေ အစပြုကာ သက်ရောက်ခဲ့သည့် လူသားတစ်ဦးနှင့် နတ်ဘုရားတစ်ပါး.. ဘဝခြင်း မတူသော်လည်း ချစ်ခြင်းမေတ္တာ သည်မှာတော့ တူညီနေခဲ့သည်... နတ်ဘုရား မျက်ရည်စက် တစ်ခုကနေ အစပြုကာ သက်ရောက်ခဲ့သည့် လူသားတစ်ဦးနှင့် နတ်ဘုရားတစ်ပါး.. ဘဝခြင်း မတူ...
part 12
Начните с самого начала
