"မဟုတ်​ပါဘူး...လက်​နည်းနည်းထိတာပါ..အရမ်းကြီးမဟုတ်​ဘူးလို့ပြောတယ်​.."

"အဲဆိုရပြီလေကွာ.....ကဲ စာပြန်​သင်​မယ်​..မင်းကြောင့်​ဘယ်​ရောက်​သွားမှန်းမသိတော့ဘူး.."(ဆရာ)

ဆရာက ပြောပြီး စာဆက်​သင်​နေပေမဲ့ ကျနော်​စိတ်​မဝင်​စားတော့ဘူး။စိတ်​က သူ့လက်​ဒဏ်​ရာဆီကိုဘဲရောက်​နေတယ်​...
မထူးတော့ဘူးလို့တွေးပြီး ရှေ့က စာအုပ်​တွေကိုသိမ်းလိုက်​တယ်​။

"ဆရာ..ကျနော်​တောင်းပန်​ပါတယ်​။"

"ဟေ့...နေရှင်း...
ဟာ ပေါ်တင်​ကြီးလစ်​တာကွာ"(ခွန်​ဟိန်း)

"ထားလိုက်​တော့ ..အဲကောင်​အကြောင်းမသိလို့လား..
သော်​ကမောင်​တစ်​ခုခုဆိုတာနဲ့ ကျန်​တာခွေးပစ်​ဝက်​ပစ်​ ပစ်​ပြီး သွားတဲ့ကောင်​.."(ဆရာ)

အတန်းထဲ ဆရာ နဲ့ ကျောင်းသားတွေ ဘာပြောကျန်​ခဲ့လဲ ရှင်း မစဉ်းစားမိဘူး။ရှင်းသိတာ မောင်​...သူ့ကို လျှောက်​သွားမနေဘဲ..အဆောင်​ပြန်​ပြီး နားခိုင်းဖို့။

သူခြေလှမ်းကျဲကျဲနဲ့..Englishစာဌာန မိုးနဲဆောင်​ ရဲ့ လမ်းကျဉ်းကျဉ်းလေးကနေ Zoology ဌာန..အောင်​သပြေဆောင်​ကို သူ့ရဲ့ BMW 1000RR ဆိုင်​ကယ်​ နှင့်​ ဝူးခနဲနေအောင်​ မောင်းထွက်​ခဲ့တော့သည်​။

××××××××××××××××××××××××××

မောင်

့"ရှတ်​တီး..နဲ့လက်​အပူလောင်​လို့ဆို.."

ကျနော်​ ကျောင်းခန်းထဲထိုင်​နေတုန်း..ဘယ်​ကြားကထွက်​လာမှန်းမသိ..၂ရက်​လောက်​..အတန်းမတက်​ဘဲပျောက်​နေသည့်​ အာပြဲမ မောက်​မို့ အသံကြောင့်​ လန့်​သွားရတယ်​။ကျနော်​ သူငယ်​ချင်းတွေများပါတယ်​..ဒါပေမဲ့ တွဲသွားတွဲလာလုပ်​တာတော့ ရှင်း နဲ့များတယ်​။ဘာဖြစ်​လို့လဲဆိုတော့ ကျနော်​က ရှင်းကို ကျနော်​သူငယ်​ချင်းတွေနဲ့ ခင်​စေချင်​ပေမဲ့ မောက်​မို့တို့က ကြောက်​တယ်​ဆိုလို့..

Diary of Poinciana: Blue JacarandaWhere stories live. Discover now