Just A Hint![Unicode]

ابدأ من البداية
                                    

ဒီနေ့ ညနေလည်း Gulfနှင့်ချိန်းထားဖြစ်သေးသည်မို့ Mewရင်ခုန်စွာနှင့်စောင့်နေမိသည်။
Gulfလေးက တစ်နေကုန် scheduleများ
နှင့်မအားသောကြောင့် Mewက အားလပ်ချိန်အနည်းစုအား မမြင်ရတာကြာပြီဖြစ်သော
သူငယ်ချင်းများကို ဖဲ့ပေးရင်း Gulfကို
စောင့်နေမိသည်။

"ပြပါဦး..မင်းဘာတွေကြည့်နေလဲ.."

Mewစဥ်းစားခန်းဝင်နေမိချိန် စိတ်ထက်လက်ကပိုသွက်သော Inက Mewလက်ထဲက
ဖုန်းအား ဆွဲယူကြည့်လိုက်သည်။

"ဘာလို့ MewGulfကို ပရိတ်သတ်တွေက ဒီ
လောက်ချစ်ကြတာလဲ.."

"အင်း....ကျွန်တော်တို့က ဟန်ဆောင်ထား
တာမရှိဘူး။
ကျွန်တော်တို့လုပ်နေတဲ့အရာတွေက
ဟန်ဆောင်ပြီးလုပ်နေတာတွေ တစ်ခုမှမပါဘူး။ တကယ်စိတ်ထဲကအတိုင်းလုပ်နေကြတာ..။ အဲ့ဒါကြောင့် ဖြစ်လိမ့်မယ်ထင်တာပဲ.."

Aimနှင့်In မျက်လုံးပြူးကာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။
ထို့နောက် ပြိုင်တူ Mewအား ကြည့်လိုက်လေ
တော့ Mewက သူတို့ကိုတောင် အရေးမစိုက်
နိုင်တော့ဘဲ ပြုံးဖြီးနေချေသည်။

"မသက်ာစရာပဲ..။ တကယ်ကို မသက်ာစရာ
အနံ့တွေရနေတယ်။
Ai'Mew မင်းငါတို့ကို မလိမ်နဲ့။ မင်းတို့နှစ်ယောက် ဘယ်အခြေအနေရောက်နေပြီလဲ။"

Aimအမေးကို Inက ထောက်ခံသည့်သဘောဖြင့် မေးငေါ့ပြကာ..

"ဟုတ်တယ်..မင်းငါတို့ကိုတော့ မလျှိူသင့်
ဘူး။ ပြောပြဖို့ကောင်းပြီ။"

Aimနှင့် Inအား Mewပြုံး၍သာ ကြည့်.နေမိတော့သည်။ ပြောရနိုး ၊မပြောရနိုး ဝေခွဲ
နေသည်ကို သူတို့က မျှော်လင့်နေကြသည်မို့..

မထူးဇာတ်ခင်းကာ ပြောပြရန်ကြံရွယ်လျက်..

"မင်းတို့ထင်တဲ့အတိုင်းပါ.."

"ဘာ!"

"ဘယ်လို?!"

မျှော်လင့်ထားသော အဖြေဖြစ်သော်လည်း
နှစ်ယောက်လုံးအံ့သြသွားကာ ပါးစပ်
အဟောင်းသားနှင့် Mewအား ပြိုင်တူ
ကြည့်မိကြသည်။

Mew၏ အပြုံးတို့က ဤသို့ ဖွင့်ပြောလိုက်ရ၍ အလွန်ပျော်နေဟန်ပေါက်သည်။

Our Secret Diaryحيث تعيش القصص. اكتشف الآن