Iori က တဗျစ်တောက်တောက်ပြောရင်း တဘတ်ကြီး တထည်နဲ့ Kokonoe sama ငွေမှင်ရောင်ဆံနွယ်ရှည်ကြီးကို သုတ်ပေးဖို့ကြံတယ်! Kokonoe က ရေစိုနေတဲ့ သူ့ဆံပင်တွေကို တချက်ကိုင်ကြည့်ရင်း အကျင့်အတိုင်း ခေါင်းကို ခါရမ်းပစ်လိုက်သည်! ရေစက်တွေက နဘေးက Iori ကို လာစင်ကုန်တယ်!
"Arrrrrrrr Kokonoe sama အဲ့ဒီလို မခါပစ်ပါနဲ့ဆို ! သုတ်မှရမှာကို အခုကျွန်တော့်ကိုပါ စို....စို...စိုကုန် ဟတ်...ဟတ်ချိုး!!!!!!!!!"
"Hahahahaha မင်းကမှ ပျော့တာ ရေစင်တာနဲ့ နှာတန်းချေတော့တာ အဟက်ဟက်!"
Kokonoe က တဘတ်ကိုင်ကာ နှာချေနေတဲ့ Iori ကို ကြည့်ရင်း သဘောကျနေတယ် !
"Kokonoe sama !!! ဆံပင်တွေကို ရေသုတ်ရမယ်!"
Iori က မလျော့သေး သို့သော် Kokonoe က လက်မခံချေ !
"မလုပ်စမ်းနဲ့ ! ငါတသက်လုံး ဒီလိုပဲ နေလာတာ ဘာမှ မဖြစ်ဘူး ! အခုဟာက ငါ့အကြောင်းတစ်ယောက်ယောက် .... အင်း တစ်ယောက်ယောက် မဖြစ်နိုင်ဘူး လူတစ်စု နေမှာပေါ့ သူတို့ငါ့အကြောင်းပြောနေလို့ ဖြစ်မယ် ! ဒါကြောင့် ငါနှာချေတာ ! "
Kokonoe က လက်ပိုက်ရင်း သူများကို အပြစ်တင်ကာ ပြောနေသေးသည်!
"ဟမ်? ဘယ်သူတွေက Kokonoe sama အကြောင်းပြောနေလို့လဲ?"
"ငါဘယ်သိမလဲ ! Daikakuပဲ နေမှာပေါ့ အဟက်ဟက်"
Kokonoe က ခနိုးခနဲ့ပြုံးရင်း ကျေနပ်နေသလိုလို ! Iori ရင်ထဲက သိချင်စိတ်က ပိုပိုတိုးလာပြန်တယ်! Kokonoe sama ပြန်ရောက်ကတည်းက ထူးဆန်းနေတဲ့ Daikaku sama နဲ့ Kaname တို့အကြောင်း ! Kokonoe sama က မပြောပြပေမယ့် သူတို့ တခုခုဖြစ်တာတော့ သေချာသည်! Kaname ပြန်ပါမလာ ! ဒီအကြောင်းတွေကို Iori သိချင်မိတယ်!
"Kokonoe sama ကျွန်တော့်ကို အဲဒီ့အကြောင်းတွေ မပြောပြတော့ဘူးလား?"
"မပြောပြဘူး!"
"ဟမ်"
Kokonoe အဖြေစကားက ပြတ်သည်! မြေခွေးကြီး ဘူးတစ်လုံးဆောင်မှ Iori ပိုသိချင်လာတယ်!
"Hump ! မပြောလည်း နေပေါ့ ! ကျွန်တော် သွားအိပ်တော့မယ် Kokonoe sama!"
Iori က လက်ထဲက တဘတ်ကို ပစ်ချပြီး ခန်းမဆောင်ထဲက ထွက်ဖို့ပြင်တယ်!
YOU ARE READING
Unbreakable ( Unicode Version )
FanfictionThis is a cruse anymore but.....our love is unbreakable! The sequel of Love Legend! This story is my own story please enjoy~^ ^
Irreplaceable [ Kaname × Daikaku ] side story part 7- Final
Start from the beginning
