Chapter 1: Tragedy of lagging

13.3K 1.1K 20
                                    

Love you 59 seconds

Original Author- Yun Guo Shi Fei
⟨⟨云过是非⟩⟩
English translater - Midori & Neko

[Zawgyi]

ညအတန်းချိန်ပြီးသောအခါ ဝူဟန်ယင်း သူ့အဆောင်ကိုဖြောင့်ဖြောင့်မတ်မတ်သာ တန်းပြန်လာသည်။ အခန်းထဲကိုဝင်လာပြီး နံရံမှ တိုင်ကပ်နာရီကို ကြည့်လိုက်တော့ ရှစ်နာရီထိုးခံနီး‌နေပြီ

စောနတုန်းက အီတလီလူမျိုးပရော်ဖက်ဆာက ‌လည်‌ချောင်းနာနေသဖြင့် သင်ခန်းစာကိုစောစောဖြတ်ကာ ပြင်ဆင်ပြီး ထွက်သွားသည်။ ဒါပေါ့ ဒီအတန်းစောစောဖြတ်လိုက်တဲ့ ဆရာ့ရဲ့ကြေညာချက်ကြောင့် ဘယ်ကျောင်းသားမှ မငြင်းဘဲ သူတို့အတွက် အပျော်ဆုံး‌ဖြစ်နေကြတာ

သူ ညအတန်းကို အစောကြီးပြီးနေတာမို့ အခန်းထဲမှာ သူ့ကလွဲပြီး ဘယ်သူမှမရှိပေ။ အခန်းတစ်ခန်းတွင် လူလေးယောက်နေရပြီး ကျန်သုံးယောက်က ညကိုးနာရ်ီထိုးမှ ပြန်ရောက်မှာဖြစ်သည်။

သူ့မှာ ဘာမှလုပ်စရာမရှိတာနဲ့အတူတူ လပ်တော့က ပါဝါခလုတ်ကိုနှိပ်လိုက်ကာ အနီရောင်ပရိုဂရမ်(icon)‌လေးကိုနှိပ်လိုက်သည်။ နှစ်စက္ကန့်ကြာပြီးနောက် ဂိမ်းအဖွင့်သံစဉ်လေးက သူ့ကိုကြိုဆိုနှုတ်ဆက်လိုက်သည်။ ဝူဟန်ယင်း ဂိမ်းဆော့ပြီး အချိန်ကုန်ရန်သာ ဆုံးဖြတ်ချက်ချလိုက်သည်။

ဒီလူ၏အကြောင်းကိုပြောရရင် သူ့နာမည်ကဝူဟန်ယင်းပါ ... သူ့ပုံကစကားနည်းနဲ့ပုံမျိုး ဒါပေမယ့်ပေါင်းကြည့်ရင်တော့ မခက်ခဲပါဘူး။ သူ့ပညာအရည်အချင်းက ကောင်းတယ်၊ သူ့အားကစားအရည်အချင်းက မဆိုးပါဘူး။ သူ့ပုံစံကတော့ အနည်းငယ်သာမန်ကျပါတယ် ။ အခြားသူတွေ သူ့ကိုကြည့်ရင် သက်တောင့်သက်သာဖြစ်စေမယ့် ပုံစံမျိုးလေး ...

သူ့စရိုက်ပုံစံနှင့်အညီ သူအချိန်ကို စာအုပ်ဖတ်ရင်ဖတ် မဖတ်ရင်ဂိမ်းဆော့ရင်းဖြုန်းတတ်သည်။

ဝူဟန်ယင်း လျှို့ဝှက်နံပါတ်ရိုက်ထည့်လိုက်ပြီး Tian Long Ba Bu ဆိုသောဂိမ်းထဲဝင်ရန် loadingဖြစ်နေသည်ကို ခဏစောင့်နေလိုက်သည်။ ဇာတ်ကောင်ရွေးချယ်သည့် စခရင်တွင် ဇာတ်ကောင်တစ်ခုတည်းသာရှိနေပြီး ထို‌ဇာတ်ကောင်ကလည်း ရှောင်ဝူလို့ခေါ်သောအမျိုးသမီးဇာတ်ကောင်ဖြစ်နေသည်။

Love you 59 seconds (Myanmar translation)Where stories live. Discover now