အပိုင်း (၁)

Start from the beginning
                                        

နာကျင်မှုကြာင့် စိတ်သွားတိုင်းကိုယ်မပါ။သူ့ကို ထူဖို့ ခါးကုန်းလိုက်ချိန် ခါးကနာကျင်သွားသည်။ဒါကို ခေါင်ထက် က မြင်ဖြစ်အောင် မြင်သွားသည်။

"အစ်ကို လုပ်လိုက်ပါ့မယ်။ထိုင်ခုံမှာပဲ ထိုင်နေပါ"

ဟိန်းစစ် ခန္ဓာကိုယ်ကို ထိန်းယူပြီး မလှမ်းမကမ်းက ခုံမှာထိုင်စေလိုက်သည်။

"ရပါ့မလား။လက်မှာရှသွားတယ် မဟုတ်လား။"

"ရပါတယ်။အရမ်းကြီး မဟုတ်ပါဘူး။သွေးလည်း သိပ်မထွက်ပါဘူး။စူးမိသွားရုံလေးပါ။

အနားမှ ထွက်ခွာသွားပြီး ပွနေတာတွေ သွားပြန်သိမ်းနေသည်။နှစ်ယောက်သား အကွာအဝေးက မလှမ်းမကမ်းမှာမို့ စကား‌ဆက်ပြောဖြစ်ကြသည်။

"အစောကြီးပဲရှိသေးတယ်။အိပ်ချိန်မအိပ်ဘဲ မီးဖိုချောင်ထဲ ဘာဝင်လုပ်တာလဲ။"

"ညီငယ် နိုးလာရင် စားဖို့ တစ်ခုခု စီစဉ်နေတာပါ။"

"ရပါတယ်။ကျွန်တော်နိုးမှ ချက်မှာပေါ့။အခု မနက်စာအတွက် ဘာချက်ဖို့လုပ်နေတာလဲ။"

"ကဏန်းသား sandwich လုပ်မလို့။"

မြတ်စွာဘုရား။သူက ကဏန်းသား sandwich လုပ်ဦးမလို့ဆိုပဲ။
ကြက်ဥကြော်တောင် ဖြောင့်ဖြောင့် မကြော်တတ်သူက ကဏန်းကို ဘယ်လိုကိုင်တွယ်ရမလဲ ဆိုတာ ဘယ်လိုလုပ်သိမှာတဲ့လဲ။

"ကဏန်း က ဘယ်ကနေ ရလာတာလဲ။"

"အောက်ထပ်က ရေခဲသေတ္တာ ထဲမှာ တွေ့တာ။"

သီဟ ကဏန်း မဆလာချက်ဖို့ ဝယ်ထားတဲ့ ကဏန်းအကောင်လိုက်တွေကို ယူလာတာ ထင်ပါရဲ့။အပြစ်တော့ မပြောတော့ပါ။

သူက ဟင်းမချက်တတ်ပေမယ့် ဟိန်းစစ် စားဖို့ စဉ်းစားပြီး မလုပ်တတ်ဘဲ  လုပ်နေ‌တာကို မြင်ရတော့ ရယ်တော့ မရယ်ရက်ပါ။

"ကဏန်း က အသားနွှင်ထားတာလည်း မဟုတ်ဘဲနဲ့  ဂဏန်းအကောင်လိုက်ထဲက အသား ဘယ်လို ထုတ်ရမလဲ မသိဘဲနဲ့။ဘယ်လို စိတ်ကူးနဲ့ စဉ်းစားမိတာလဲ။"

"မသိဘူး။ရေခဲသေတ္တာထဲ ကဏန်းတွေ့တာနဲ့ ညီငယ် ကြိုက်မယ် ထင်လို့ ပြီးတော့ အားရှိမလားလို့။လုပ်ကြည့်တာပါ။"

ညီငယ် (ဒုတိယတွဲ) unicode and zawgyiWhere stories live. Discover now