Part 13 (unicode)

260 33 4
                                        

Stay With Me
Part 13

" Jae Eun"

သူမ အနောက်ဖက်မှ ခေါ်သံကြောင့် Jae Eun လှည့်ကြည့်မိသည်။ နီရဲနေသော နှင်းဆီပန်းစည်းက သူမ မျက်နှာနှင့် အနီးစပ်ဆုံးတွင်ရှိနေသည်။ သင်းပျံ့ပျံ့နှင်းဆီ ရနံ့တို့က သူမ ဝန်းကျင်တစ်ခုလုံး ပျံ့နှံ့သွားသယောင်။ Jae Eun ပန်းစည်းထံမှ အကြည့်တို့ကို ပန်းစည်းပိုင်ရှင်ထံသို့ ပို့လွှတ်မိသည့် အချိန်တွင် အံ့အားသင့်ရသည်။

"Kyoung Ho Oppa .... ဒီကို ဘာလာလုပ်တာလဲ"

"Happy Birthday ..... Jae Eun"

သူမ ထံသို့ ကမ်းပေးလာသော နှင်းဆီ ပန်းစည်းကို လှမ်းယူပြီး နမ်းရှိုက်မိသည်။ ဒီနေ့က သူမ မွေးနေ့။ အတိအကျဆိုရရင် Shin Jae Eun မဟုတ်တဲ့ Park Jimin ရဲ့မွေးနေ့။ Kyoung Ho Oppa တစ်ယောက်တည်းသာ သိရှိနေပြီး သူ တစ်ယောက်တည်းဆီကသာ မွေးနေ့ဆုတောင်းကို မျှော်လင့်လို့ ရသည့်နေ့ဖြစ်သည်။ အခြားနေ့တွေသာ မအားပေမယ့် ဒီလိုနေ့ကိုတော့ အမြဲတမ်း မပျက်မကွက် မမေ့လျော့ခဲ့သည်မှာ ကျေးဇူးတင်စရာကောင်းသည်။

"ထိုင်ဦးလေ Oppa ..... ဒါလေး လက်စသတ်လိုက်ဦးမယ် ..... ပြီးရင် တစ်နေရာရာ သွားကြတာပေါ့"

Jae Eun လုပ်လက်စလေးတွေကို အမြန် လက်စသတ်လိုက်ကာ ဝန်ထမ်းကောင်မလေးတွေကို မှာစရာရှိတာ မှာလိုက်သည်။ ပြီးတော့ အနောက်တိုင်း စားသောက်ဆိုင် တစ်ခုဆီသို့ ထွက်လာခဲ့ကြ၏။ တိတ်ဆိတ်ပြီး ကျယ်ဝန်းလှသော ဆိုင်လေးသည် အေးအေးဆေးဆေး စကားပြောလို့ ကောင်းလို့နေရာ တစ်ခုဖြစ်သည်။ အနောက်တိုင်း Style ပြင်ဆင်ထားတာကြောင့် မီးရောင်က အရမ်းလင်းမနေ။ စန္ဒယားမှ ထွက်လာသော ဂီတသံ ငြိမ့်ငြိမ့်ညောင်းညောင်းသည် သာယာ နာပျော်ဖွယ်ကောင်းလှသည်။

"Jae Eun .... ဘယ်တော့ ဆေးရုံလာမှာလဲ"

သူမ မကြားချင်ဆုံးစကားဖြစ်တာကြောင့် ရှေ့က ပန်းကန်ထဲက အသားကိုသာ အာရုံစိုက်လှီးဖြစ်သည်။ Kyoung Ho Oppa က သူ့ ဆီမှအသားလှီးပြီးသား ပန်းကန်ကို သူမ ဆီပေးပြီး သူမ ပန်းကန်ကို ယူလိုက်၏။

"ဘယ်တော့လာခဲ့မှာလဲ Jae Eun .... အချိန် သိပ်ဆွဲလို့ မကောင်းဘူးနော်"

Stay With Me [Completed]Where stories live. Discover now