Chapter - 17

42.1K 4.5K 230
                                    

#Unicode

မင်းယွီခန္ဓာကိုယ်တစ်ခုလုံး တစ်စုံတစ်ရာကချုပ်နှောင်ထားသလိုမျိုး လှုပ်လို့မရဖြစ်နေတယ် … ဝမ်းဗိုက်ထဲမှာလဲ ဂနာမငြိမ်ပဲ လှုပ်ရွနေသလိုခံစားရတယ် …

ခန္ဓာကိုယ်ထဲက ဓာတ်အပေါင်းက မွှေနောက်ခံနေရသလို မင်းယွီအသိစိတ်တွေဟာလဲ လွတ်ထွက်နေခဲ့တယ် …

" မြေးလေး "

ခေါ်သံကိုကြားရတယ် … ဒါပေမဲ့ အမှောင်ထုကြီးထဲက ဘယ်အရာကိုမှ မင်းယွီမမြင်နိုင်ဘူး … ထိုစဉ် ဦးနောက်ထဲက ပျောက်ဆုံးနေတဲ့ မန်မိုဒီတစ်ချို့က အတုန်းအရုန်းဝင်ရောက်လာတော့တယ် …

အားလုံးက ရှုတ်ထွေးနေခြင်းကြောင့် ဘယ်အရာကိုမှ သဲကွဲစွာ မမြင်နိုင်ခဲ့ဘူး … မှုန်ဝါးဝါးအရာတွေကြားက အလင်းရောင်ဖြာထွက်နေတဲ့အပေါက်ငယ်လေးတစ်ခုကိုသာ အာရုံစိုက်ကြည့်နေခဲ့တယ် …

မြင့်မားတဲ့အဆောက်အဦးတစ်ခုအပေါ်မှာ ရပ်နေပြီး ကွင်းပြင်လိုဟာကြီးထဲမှာ များပြားလွန်းတဲ့လူတွေ စုဝေးနေကြတယ် …

သူတို့အားလုံးကိုမသိပေမဲ့ ဒီနေရာကတော့ ရင်းနီနေသလိုပဲ … ရုတ်တရပ် ရှန်ဟွှာအိမ်တော်ကိုများ ရောက်သွားသလား ထင်မှတ်မိပေမဲ့ နှာခေါင်းထဲမှာ ထိုလူရဲ့အနံ့ကိုမရနေဘူး …

" ထူးဆန်းလိုက်တာ "

သူ့ရဲ့အနံ့ခံအာရုံတွေက အားလုံးအပေါ်မသက်ရောက်တော့သလို ယခင်က အနံ့ပေါင်းစုံကြောင့် မူးနောက်နေတတ်ပေမဲ့ ခုတော့ သန့်ရှင်းတဲ့လေတွေကြောင့် စိတ်ကြည်လင်နေတယ် … ဒီနေရာက တကယ့်ကို နိဗ္ဗာန်ဘုံလိုပဲ …

ထိုပြတင်းပေါက်နဲ့ လူအုပ်ကြီးရဲ့မြင်ကွင် တစ်ဖြေးဖြေး မှေးမှိန်သွားတဲ့အခါ အဖြူရောင်အလင်းတွေဖြာထွက်နေတဲ့ လူတစ်ယောက်က အမှောင်ထုထဲကနေ သူ့ထံတန်းတန်းမတ်မတ်လျှောက်လာတယ် …

ဘယ်သူလဲ … ဘာကြောင့်လာနေတာလဲ … ထွက်သွား …

လက်တွေနဲ့ရုန်ကန်ပြီး ထိုအမြင်တွေကို ပျောက်ကွယ်အောင်လုပ်နေပေမဲ့ အရာမထင်ခဲ့ဘူး … အစိုင်အခဲမရှိတဲ့ ထိုအငွှေ့တွေက မင်းယွီခန္ဓာကိုယ်ထဲ ထိုးဖောက်ကာ ဝင်ရောက်လာတယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now