အခန်း ၈

Start from the beginning
                                    

"ခင်ဗျား ​ပြောမလား ကျုပ်​ပြောရမလား။ ကျုပ်​ပြောရင်​တော့ မသက်သာ​လောက်ဘူးဆိုတာ သိတယ်မလား"
ဆိုပြီး သူ့ဘက်ကို မျက်စပစ်ပြသည်။ ဘာလဲ ငါနဲ့ဆိုင်တာလား။ Hongjoong သူ့အ​မေကို ​မေးမြန်းလိုသည့် အကြည့်များနှင့် ကြည့်​နေလိုက်သည်။

"Joong ​​လေး အ​မေ သားကို ချစ်တယ်ဆိုတာ သိတယ်မလား"
သိတယ်​လေ။ ဒါ​ပေမယ့် သူပါးစပ်က ထုတ်မ​ပြောမိ။ သူသိချင်သည် သူ့အ​မေဆက်​ပြောမယ့်စကားတွေကို။

"တကယ်​တော့ သားက အ​မေတို့ သားအရင်း မဟုတ်ဘူး။ အ​မေတို့မှာ သားတစ်​ယောက်ရှိခဲ့တယ်။ နာမည်က Joong Hyo တဲ့။ Joong ​လေး သုံးနှစ်အရွယ်မှာပဲ ဒီ​လောကကြီးထဲက ထွက်သွားခဲ့တယ် မ​တော်တဆမှု တစ်ခု​ကြောင့်​​ပေါ့။ အ​မေတို့ အရမ်းဝမ်းနည်းပြီး မ​ဖြေဆည်နိုင် ဖြစ်ခဲ့ရတယ်။ ဒါ​ကြောင့် သားကို Mr. Choi တို့ဆီက ခိုးယူခဲ့တယ်။ Mr. Choi ဆိုတာ သားအ​ဖေ driver လုပ်ခဲ့တဲ့ အိမ်ပိုင်ရှင်သူ​ဌေးလင်မယားပါ။ Mr. Choi ဆီမှာ သားနှစ်​ယောက်ရှိတယ် သားရယ် သားအစ်ကိုရယ်​ပေါ့။ အဲ့ဒါ​​ကြောင့် တစ်​ယောက်​လောက် ယူလိုက်ရင် Mr. Choi တို့ ဝမ်းနည်း​ရပေမယ့်လည်း အဲ့​လောက်ကြီး မခံစား​ရလောက်ပါဘူးဆိုပြီး အ​မေတို့ သားကို ခိုးယူခဲ့တာပါ။ အ​မေတို့ မှားခဲ့ပါတယ်။"

Hoongjoong တကယ်နားမလည်နိုင်​တော့ပါ။ ဘာ​တွေဖြစ်ကုန်တာလဲ။ သူက သားအရင်းမဟုတ်ဘူးတဲ့လား။ Mr. Choi က​ရော ဘယ်သူလဲ။ သူ့ကို ငယ်ငယ်​လေးကတည်းက အပြင်​ပေးမထွက်တာ​တွေ အမြဲတစ်​နေရာပြီး တစ်​နေရာ ​ပြောင်း​နေခဲ့ရ​တာ​တွေက ဒါ​ကြောင့်လား။ ဟား ကံကြမ္မာကြီးရယ် လုပ်ချလိုက်ပြန်ပြီ... မဝ​သေးဘူးလား သူ့ကို ကစားလို့။

"မခံစားရ​လောက်ပါဘူး ဟုတ်လား။ အဟက် သားတစ်​ယောက်လုံး ​ပျောက်သွားတာ​လေ။ ခင်ဗျားတို့လည်း သား​ရှိတာပဲ။ ကိုယ်ချင်းစာကြည့်​ပေါ့။ ခင်ဗျားသိလား Mrs. Choi က သူ့သားအငယ်​လေး စိတ်နဲ့ အိပ်ရာထဲလဲပြီး ဆုံးပါးသွားတာကို။ Mr. Choi ကလည်း သူ့သားအငယ်စိတ်နဲ့ပဲ အလုပ်​တွေဖိလုပ်၊ သားအငယ်ကို မ​တွေ့မချင်းရှာပြီး သားအကြီးကို ဂရုစိုက်ဖို့ ​မေ့​နေခဲ့တာကို။"
Jeong Yunho အံ​တွေကြိတ်ပြီး ​ဒေါသထွက်​နေသည်မှာ အထင်အရှား။

Everything I do, I do it For You (Unicode Only)Where stories live. Discover now