ဒီတစ်​ခါ​တော့ လုံးဝလွှတ်​မထားပါ။
ဘယ်​အချိန်​ကတည်းက
တံခါးနားမှာ​ရပ်​ပြီး​ချောင်း​နေမှန်းမသိတဲ့
ရိ​ပေါ်က..​ပြေးလာပြီး ​ရှောင်းကျန့်​​ရှေ့က​နေ
ကာထားလိုက်​သည်​။

" ​ဟေ့​ရောင်​..မင်း ဘာလုပ်​မလို့လဲ
ထိရဲထိကြည့်​ ဘာမှတ်​​နေလဲ
ရှောင်းကျန့်​ မ​ကြောက်​နဲ့​နော်
ကိုယ်​ရှိတယ်​ ဘာမှဝမ်းမနည်းနဲ့ "

" အွန်းပါ...​ပြောစကားနား​ထောင်​ပါ့မယ်
မဆိုင်​တဲ့ ​ဘေးလူစကား​ကြောင့်
ဝမ်းနည်းတာမျိုး မလုပ်​​တော့ပါဘူး "

" ဟုတ်​ပြီ ​တော်​လိုက်​တာ "

" ပြီး​တော့.....
ဘယ်​သူ့ကိုမှလည်း မ​ကြောက်​​တော့ဘူး
ကိုကို ရှိ​နေတာမို့လို့ "

မှန်​တယ်​။ ဘာ.........ဘာရယ်​..........ကိုကို!!!
ခဏ​ကြောင်​သွားတဲ့ ရိ​ပေါ်က
ပြုံးရွှင်​သွားပြီး ​ရှောင်းကျန့်​ကို ဖက်​ထားလိုက်​တယ်​။

ကျန်းချန်​​ရှေ့မှာ တမင်​​ခေါ်လိုက်​တာသိ​ပေမယ့်
ခေါ်ပြီးစလစ်​ နံပါတ်​တစ်​ပဲ
ပြန်​ပြင်​လို့မရ​တော့ဘူးဆိုတာသ​ဘော​ပေါက်​။

ရှေ့က၂ ​ယောက်​ကို မတ်​တပ်​ကြီး
ရပ်​ကြည့်​​နေရတဲ့ ကျန်းချန်​က ​ဒေါသ​ထွက်​လာကာ

" ဒီမှာ လူရှိ​နေတယ်
ငါဆိုတဲ့​ကောင်​က ရုပ်​ရှင်​ကြည့်​ရင်​​တောင်
ပတ်​ချွဲနပ်​ချွဲ​တွေ ရွံလွန်းလို့
အက်​ရှင်​ကားပဲကြည့်​တာ အက်​ရှင်​ကားပဲ "

ရိ​ပေါ်က လှည်​ကြည့်​လိုက်​ပြီး

" ​သြော်​ မင်းမသွား​သေးဘူးလား
ပြန်​​တော့​ကွာ ဒီမှာ..လန့်​သွားလိမ့်​မယ်
အသံဗြဲကြီးနဲ့ "

" ​တောက်​...သွားမယ်​...​နောက်​ဘယ်​​တော့မှမလာဘူး..မင်းတို့ဆီ "

"သွား....မလာနဲ့"

ဆောင့်​​ဆောင့်​နဲ့..နင်းပြီး..​ပြန်​ထွက်​သွားတဲ့ကျန်းချန်
ခြံထဲက​နေ..အ​ပေါ်ထပ်​ကို​မော့ကြည့်​ကာ
အော်​လိုက်​​သေးသည်​။

" ​စောင်​ Rs ​တေ...ပြတ်​ကြစမ်းကွာ "

ပြူ တင်း​ပေါက်​က​နေ..ရပ်​ကြည့်​​နေတဲ့ ရိ​ပေါ် က
ရှောင်းကျန့်​နဖူး​လေးကို..ငုံ့နမ်းပြလိုက်​​သေးသည်​။

The Love from Windward (Completed)Where stories live. Discover now