Unicode
_______"လာလေ။ ကြေးပိုကြီးလေ ကြိုက်လေပဲ။ ဒီတော့ ကပ်စေးတော့မကုပ်ကြနဲ့ပေါ့။ "
လင်ဟိုင့်အနေနဲ့ ဒီလောက်ကြီးမားတဲ့ အခွင့်အရေးကို လက်လွတ်ခံဖို့စိတ်ကူး လုံးဝမရှိလေဘူး။
လင်ဟိုင့်စကားကြောင့် ဟုဝေတစ်ယောက် ဒေါသထွက်ရလွန်းလို့ နှာခေါင်းပင်ပွစိပွစိဖြစ်လာလေသည်။ ဒါကြောင့် အသက်ပြင်းပြင်းရှူပြီး ဒေါသတွေငြိမ်သက်သွားတဲ့အထိ အတန်ကြာ စိတ်လျှော့လိုက်ရသည်။
ဘယ်တုန်းကများ ကျင်းနန်တက္ကသိုလ်ရဲ့ မင်းသားလေးယောက်ထဲမှာ ကပ်စေးနှဲတယ်ဆိုတဲ့လူ ရှိဖူးလို့တုန်း။
ဟုဝေ လက်ပိုက်ကာ အထက်စီးဆန်ဆန် ပြောလေသည်။
"တစ်ဆယ်ကနေ စလောင်းကြရအောင်။ "
" တစ်ဆယ်။ ဘာတစ်ဆယ်လဲ။ "
လင်ဟိုင် နားမလည်စွာဖြင့် ပြန်မေးလိုက်မိသည်။ နံဘေးတွင်ရပ်နေသော ကျောင်းလိန်မှ လင်ဟိုင့်အား အထင်သေးစွာနှင့် ပြန်ဖြေလေသည်။
" တစ်သိန်းကို ပြောတာ။ တကယ့် ဖက်ထုပ်ဦးနှောက်ပဲ။ "
" တစ်သိန်း! ရပါတယ်။ ပြဿနာမရှိဘူး။ "
လင်ဟိုင် ဆန်စေ့ကို ကောက်စားနေသည့် ကြက်ကဲ့သို့ ခေါင်းတဆတ်ဆတ်ညိတ်ကာ ပြောလိုက်သည်။
တစ်သိန်း !! နည်းနည်းနောနောလား!!
" ဟုကော၊ အဲ့ကောင်ဆီမှာ အရူးလုပ်မခံနဲ့။
တစ်သိန်းကိုအသာထား။ အဲ့ငမွဲက တစ်ထောင်တောင်ရှိတာမဟုတ်ဘူး။ "ဝမ်ထင်းမှ ဟုဝေကို လှမ်းသတိပေးလေသည်။
ဟုရီဝေ မျက်လုံးထဲတွင် ခက်ထန်သည့် အငွေ့အသက်များပြည့်နှက်လာပြီး လင်ဟိုင့်အား ကြည့်ကာ" ငါက အဲ့ကောင်ဆီက ပိုက်ဆံကိုမရနိုင်ဘူးထင်လား။ ဒီကောင့်ဆီက ပိုက်ဆံရဖို့ ငါ့မှာ နည်းလမ်းတွေမှ အများကြီး။
ကဲ။ စလိုက်ကြရအောင်။"
"ခဏလေး"
ပြိုင်ပွဲစရန်ပြင်နေသည့် ဟုဝေနှင့် လျှိုကျင်းအား လင်ဟိုင် တားလိုက်သည်။ လျှိကျွင်းက လင်ဟိုင့်အား ခပ်လှောင်လှောင်ကြည့်ရင်း
" ဘာလဲ။ မင်းတအားကြောက်ပြီး မပြိုင်ချင်တော့ဘူးလား။ "
" မဟုတ်ဘူး။ ငါ အလောင်းအစားမှာ တစ်ခုထပ်ထည့်ချင်သေးတယ်။ "

YOU ARE READING
ငါ့ရဲ့ We Chat က သုံးလောကနဲ့ဆက်နွယ်နေတယ် !! (Slow Update)
Fantasyလင်ဟိုင်ဟာ သာမာန်ကျောင်းသားလေးတစ်ယောက်ပါပဲ။ ဒါပေမယ့် တကယ့်ကို ဒဏ္ဍာရီလာမသေမျိုးအမတတွေဖြစ်တဲ့ မျောက်မင်း၊ အရှေ့နဂါးဘုရင်နဲ့ အာ့လန်ရှန်း တို့ပါဝင်တဲ့ we chat group တစ်ခုထဲကို မတော်တဆ ဖိတ်ခေါ်ခံခဲ့ရပါတယ်။ အဲ့ဒီနေ့ကစပြီးတော့ သူ့ဘဝဟာ လုံးဝကို တစ်ဆစ်ချို...