Part 6(Uni&Zaw)

Začít od začátku
                                    

''ဟုတ်ကဲ့ ရပါတယ် ဒါအမှန်ပါ ကျွန်တော်ချစ်သူပါ´´

''အခုတော့ကျွန်တော်တို့ကိုခွင့်ပြုပါဦး´´

''ဟုတ်ကဲ့ပါဒေါက်တာ´´

ဝမ်လေးသည်ရှောင်းကျန့်ကောကောပြောတဲ့သက်ဆိုင်သူပါကျွန်တော်ချစ်သူပါ ဆိုတဲ့စကားကိုနားမလည်သောကြောင့်မေးမည်ဆိုပြီးရှောင်းကျန့်ကောကြည့်လိုက်တော့ကောကခေါင်းညိတ်ပြပြီးလက်တစ်ဖက်ကိုဖွဖွလေးဆုပ်တာ ပြီးမှရှင်းပြမည်ဟု နှုတ်ခမ်းလေးလှုပ်ယုံဖြင့်ဖြေလေသည်အဲ့ဒါနဲ့ဝမ်လေးလဲပြီးမှမေးမယ်ဆိုပြီး မှတ်ထားလိုက်လေသည်

ရှောင်းကျန့်လဲမိတ်ဆက်ပေးတာကိုအမြန်အဆုံးသတ်ကာထွက်လာခဲ့သည် မဟုတ်ရင်တခြားအကြောင်းတွေ မေးလာမှာစိုး၍ပင်ဖြစ်သည် ဝမ်လေးအကြောင်းကို သူ့ထက်အခြားသူ သိမှာမလိုလားပေ သူလဲဝမ်လေးအကြောင်းဘာမှရေရေရာရာ မသိ မေးလဲမမေးပေ သူကဒီအတိုင်းဝမ်လေးကို မြင်မြင်ချင်း  ချစ်ခင်စရာ ညီလေးတစ်ယောက်ဒုက္ခရောက်နေလို့ ကူညီပေးယုံပင်ဟုသတ်မှတ်ထား၍ဖြစ်သည် သူ့မသိစိတ်ရဲ့ဘယ်ဘက်ရင်ဘတ်တခြမ်းထဲမှာတော့  ဝမ်လေးအတွက် စိတ်ပူခြင်း စိုးရိမ်ခြင်း တခြားသူတွေနှင့် အရမ်းရင်းနှီးမှာမျိုးလက်သင့်မခံနိုင်ကြောင်းကိုတော့ သတိမထားမိခဲ့ပေ

''ဝမ်လေး လာလေ ညစာအတွက်ကောကလိုအပ်တာကြည့်ဦးမယ် ဝမ်လေးလဲစားချင်တာရှိရင်ဝယ်လေ´´

''ဟုတ်ကဲ့ ကောကော´´

ရှောင်းကျန့်ရွေးပြီးပိုက်ဆံရှင်းကားနီးကြည့်လိုက်သောအခါ ဝမ်လေးရွေးထားသည်များမှာ ကလေးလေးများစားသည့်မုန့် ပုံစံလေးတွေဖြစ်သည် ချစ်စရာကောင်းလိုက်တာဟုလည်း စိတ်ထဲမှတ်ချက်ချမိသည်

''ဝမ်လေးရွေးလို့ပြီးပြီလား ´´

''ဟုတ်ကောကော ပြီးပြီ´´

''ဒါဆို ပိုက်ဆံသွားရှင်းကြရအောင်´´

''ဟုတ်ကဲ့ကောကော´´

ဒီလိုနဲ့ရှောင်းကျန့်တိုက်ခန်းပြန်ရောက်လာပြီးဝယ်လာသမျှပစ္စည်များကို ရေခဲသေတ္တာထဲထည့်သင့်တာထည့် ချက်ပြုတ်စရာရှိတာများ ပြင်ဆင်နေပြီး  ဝမ်လေးအားဧည့်ခန်းထဲတွင် TV ဖွင့်ပေးထားပြီး ညစားမစားခင်ဗိုက်ဆာမှာစိုး၍စောစောကသူဝယ်လာတဲ့မုန့်ချပေးထားလိုက်သည် ရှောငါးကျန့်အားလုံးချက်ပြုတ်ပြင်ဆင်ပြီး ဝမ်လေးကိုညစာ စားရန် သွားခေါ်တော့ ဆိုဖာပေါ်ကဖြူဥဥလေးကရှေ့က TV ထဲက ကားတွန်းကားကြည့်ပြီးသဘောကျနေလေသည် ရှောင်းကျန့်စိတ်ထဲကလေးဆန်လိုက်တာဟုတွေးမိသည်

အမှတ်မထင်ဖူးစားရှင် (Complete)Kde žijí příběhy. Začni objevovat