#Zawgyi.....
ညစာစားပီးအချိန်.....
ကျနောတို့ တမိသားစုလုံး ညစာစားပီးတော့ ထမင်းစားခန်းတွင်အကုန်လူစုခွဲခဲ့ကြသည်။
ငစွာတေးတျောက် ထမင်းစားပီးတော့ အပေါ်ထပ်ကနေ သူ့ကွန်ပျူတာနဲ့ ဖိုင်တချို့ကိုယူဆင်းလာပီး ဧည့်ခန်းမာ တျောက်တည်း အလုပ်လုပ်ဖို့နဲ့တူပါရဲ့..အသေချာလေးကိုအစီအစဉ်ဆွဲနေလေရဲ့....
ဖိုင်တွဲတွေကတော့ ရုံးကနေတခါတည်းယူခဲ့သည်နေမာ....ဧည့်ခန်းမာ သူတျောက်တည်း ဖိုင်တွဲကိုဖွင့်လိုက် စာရင်းပြန်စစ်လိုက် ကွန်ပျူတာပေါ်ပြန်ရှာလိုက်နဲ့ အလုပ်တွေရှူပ်နေမှန်းသိသိနဲ့ ကျနော် သူနဲ့မလှမ်းမကမ်းက ဆိုဖာပေါ်ထိုင်ပီး phကိုအသံအဆုံးထိဖွင့်ကာ Gameထိုင်ဆော့ပေးနေလိုက်သည်။
Gameဆော့နေရင်းနဲ့ ဖိုင်တွဲတွေကိုလှမ်းကျိမိလိုက်တော့ မနက်က ရုံးမာကျနော်စာရင်းတွေထိုင်လုပ်ပေးခဲ့ရတဲ့ ဖိုင်တွဲအရောင်နဲ့တထေရာတည်း တူနေသည်။သို့ပေမဲ့လည်း...မသိသလိုဘဲနေပီး gameထိုင်ဆော့နေလိုက်သည်။
ညီမလေးမိန်းမိန်းကတော့ သူ့အခန်းနဲ့သူ ပါပါးကလည်း ဟိုမိန်းမကြိးနဲ့ အပေါ်ထပ်ကို တက်သွားတာ ထမင်းစားပီးကတည်းက...
ထို့ကြောင့် ဧည့်ခန်းကျယ်ကြီးထဲမာ သူရယ်ကျနော်ရယ်၂ယောက်တည်းသာ...အိမ်က အုတ်တွေနဲ့ဆိုတော့ အသံကစူးခနဲ ဟိန်းထွက်နေလေရဲ့...
အစပိုင်းကတော့ သူကျနော့်ကို တချက်စောင်းကျိပီး စာရင်းတွေထိုင်ရေးနေတာအကောင်းကြီးပင်..
"....ဒီမာ!!!!...ခင်များမာ မျက်လုံးမပါဘူးလား..."
ူတအောင့်နေတော့ သူမခံနိုင်လို့နေမာ လက်ထဲကဘောပင်ကို ပစ်ချပီး ကျနော့်ကိုထအော်လေရော..
ကျနော်လည်း ဘယ်ရမလဲ... မကြားချင်ဟန်ဆောင်ပီး ကိုယ့်ဘာသာမသိသလိုနဲ့ မျက်နှာကျက်ပေါ်ကိုကျိလိုက် ဟိုကျိလိုက်နဲ့မသိသလိုနေပစ်လိုက်တာပေါ့...
သူစိတ်မရှည်တော့တာနေမာ..သူ့နေရာကနေ ထပီး ကျနော့်ဆီကိုမဖစ်စလောက် လက်သီးတွေဆုပ်ပီး ထလာလေရော..မျက်နှာတခုလုံးကလည်း ရဲတက်နေလိုက်တာ မသိရင်ခရမ်းချဉ်သီးမှည့်တလုံးလိုဘဲ...
စိတ်ထဲကနေတော့ သူ့ပုံစံကိုကျိပီး ကြိတ်ပျော်နေရတာကို သူတော့သိနိုင်မယ်မထင်...
