အမှန်​တရားရဲ့ ဘက်​တော်​သား (၁)

7.2K 906 28
                                    

အမှန်​တရားရဲ့ ဘက်​တော်​သား (၁)
~~~~~~~~~~~~~~~~~~~~~~~~~~~

#ကျောင်းတွင်း သတင်းထူး: လုမုန်း စိတ်​မကျေနပ်​တိုင်း သနားစရာကျောင်းသားတွေကို လိုက်​နှိမ်​#

ဂြိမ်း... ဂြိမ်း...

ကောင်းကင်​ကြီးကို လျပ်​စီးတွေက ထက်​ခြမ်းခွဲလိုက်​သလားတောင်​ ထင်​မှတ်​ရတယ်​။ ခရမ်းရောင်​ အလင်းတန်းတွေရယ်​က အမှောင်​ထဲမှာ လင်းတောက်​နေတယ်​။ တဖျတ်​ဖျတ်​ အလင်းလျံတွေကြောင့်​ စာသင်​ဆောင်​အဟောင်းကြီးက ကျောချမ်းဖွယ်​အတိ။

စာသင်​ခန်းတစ်​ခုအတွင်းမှာတော့ ကျောင်းဝတ်​စုံနဲ့ မိန်းကလေးတစ်​ယောက်​ လဲကျနေတယ်​။ သူ့ပုံစံက အသက်​မဲ့နေတဲ့ ရုပ်​အလောင်းပမာ၊ ငြိမ်​သက်​ တိတ်​ဆိတ်​လို့နေတယ်​။

ပဲစေ့လောက်​ကြီးတဲ့ မိုးသီးတွေ မှန်​ပြူတင်းကို လာရိုက်​ခတ်​တော့ အသံကျယ်​ကြီးတွေ ထွက်​လာနေတယ်။

မိန်းကလေး လှုပ်​ရှားလာပြီး ဖြည်းဖြည်းချင်း ထထိုင်​လိုက်​ကာ မရင်းနီး မကျွမ်းဝင်​ဖြစ်​နေတဲ့ ပတ်​ဝန်းကျင်​ကို ကြောင်​ကြည့်​နေတော့တယ်​။

ခေါင်းထဲက နာတယ်​...

ရင်​ဘတ်​ထဲက နာတယ်​...

တစ်​ကိုယ်​လုံး နာနေတာပဲ...

မင်​ရှု အသက်​ပြင်းပြင်း ရှူကြည့်​လိုက်​တော့ နေထိုင်​လို့မကောင်းတော့ဘူး။ သူ့ရင်​ဘတ်​ကို ကျောက်​တုံးကြီးနဲ့ ဖိထားသလားမှတ်​ရတယ်​။

ခဏလောက်​နားနေလိုက်​တော့မှ သက်​သာလာတယ်​။

မင်​ရှု ထိုင်​နေရာကနေ ထနိုင်​ဖို့ မနည်းကြိုးစားလိုက်​ရတယ်​။ ပြီးတော့ ဘေးနားမှာ ရှိနေတဲ့ ထိုင်​ခုံမှာ ဝင်​ထိုင်​လိုက်​တယ်​။ ထိုင်​ခုံကနေ အသံတစ်​သံ ရုတ်​တရက်​ ထွက်​လာပြန်​ရော။

ဒီနေရာက အသုံးမပြုတော့တဲ့ စာသင်​ခန်းတစ်​ခုနဲ့ တူတယ်​။ စားပွဲတွေ ခုံတွေကလည်း အိုဟောင်းနေပြီ။ ကြမ်းပြင်​ပေါ်မှာလည်း အမှိုက်​တွေနဲ့။

ဒါက ဘယ်​နေရာကြီးလဲ။

ဒါက ကျောင်းတွင်း ဇာတ်​လမ်းတည်​ဆောက်​ပုံမျိုးနဲ့ ရေးဖွဲ့တည်​ဆောက်​ထားတဲ့ စိတ်​ကူးယဉ်​လောကပဲ။

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now