အပိုင်း - ၉ (Zawgyi + Unicode)

Start from the beginning
                                    

" ဘောလုံးပွဲအကြောင်းဆိုရင်တော့ မင်းပြန်တော့ ချမ်းရာ ၊ ဒီမှာ လေးငယ် အလုပ်များနေလို့ကွ "

" ဟာ... ဘယ်က ဘောလုံးပွဲအကြောင်းဖြစ်ရမှာလဲ လေးငယ်ရ "

" ဟ ချမ်းနဲ့လေးငယ်ကြား အကြိတ်အနယ်ဆွေးနွေးရတာ ဘောလုံးပွဲအကြောင်းအပြင် ဘာရှိသေးလို့တုန်း "

" ဦးထူးချွန်သာအကြောင်း "

ချမ်းအား စနောက်လိုဟန်နဲ့ ရယ်မြူးရိပ်သန်းနေတဲ့ လေးငယ်ဟာ ဦးထူးချွန်သာဆိုတဲ့ နာမည်ကို အကြားမှာ ဆတ်ခနဲဖြစ်သွားရင်း

" ထူးအကြောင်း ဘာတွေသိလာသလဲ ချမ်း "

အဟား... ။ လေးငယ်ကို သဘောကျတာ အဲ့ဒါတွေပဲ ။ ကိစ္စတော်တော်များများကို ချမ်း အရိပ်အမြွက်ပြလိုက်ရုံနှင့် လေးငယ်က အဝေးကြီးထိ လှမ်းပြီးသဘောပေါက်နိုင်သည် ။

" သိပ်အများကြီး သိမလာပါဘူး လေးငယ် ၊ သူ့အဖေ ဘယ်သူဆိုတာလောက်လေးပါပဲ "

လေးငယ်က အလုပ်စားပွဲမှ ထကာ လည်ပင်းမှ ရှပ်ကြယ်သီးတစ်လုံးကို ဖြုတ်ချရင်း ချမ်းရှိရာ မျက်နှာချင်းဆိုင်ဆိုဖာသို့ ဦးတည်ပြီးလျှောက်လာသည် ။ စာရွက်ပုံကြီးထဲ ခေါင်းစိုက်နေတုန်းကတောင် မဖြုတ်ခဲ့တဲ့ လည်ပင်းကြယ်သီးကို ခုမှ ထ,ဖြုတ်သည်ဆိုတော့ ဒါ တော်ရုံစိတ်အိုက်သွားတာမျိုးမဟုတ်ဘူးပဲ ။

" ကဲ ပြော ချမ်း...မင်းစိတ်ထဲဖြစ်နေတာတွေ အကုန်ပြော "

" အခု ပြောရမှာက ချမ်းမဟုတ်ဘူးနော် ၊ လေးငယ်ပြောရမှာ ၊ ဒီလူကြီးအကြောင်းတွေကို လေးငယ် အကုန်ပြောပြရမှာ "

" သိတော့ မင်းက ဘာထူးသွားမှာမို့လို့လဲ ချမ်းရာ ၊ ဒါတွေဟာ အရင်တုန်းက ကိစ္စတွေပါ "

" ဟက်! မေလည်း ဒီလိုစကားမျိုး ပြောတာပဲ ၊ အင်းလေ...မထူးဆန်းပါဘူး ၊ မေတို့ လေးငယ်တို့ အချီးမွမ်းကြီး ချီးမွမ်းပြီး တသသလုပ်နေတဲ့သူက တကယ့်တကယ်မှာတော့ သူပုန်သားဖြစ်နေတာကိုး "

" တော်စမ်း ချမ်း ၊ မင်း ထင်ရာတွေ စွတ်ပြောမနေနဲ့ "

" ချမ်းကို ထင်ရာတွေ စွတ်မပြောစေချင်ရင် လေးငယ်က မှန်တာတွေ ပြောပြလေ "

အသကျဆကျ သှေး ( အသက်ဆက် သွေး )Completed Where stories live. Discover now