အပိုင်း (၅) - ဟန်‌ဆောင်ရည်းစား

271 32 6
                                        

Unicode

လင်ဟိုင် အူကြောင်ကြောင်ဖြစ်ကာ ကျန်ခဲ့သည်။ သူက စနောက်ရုံတင် ပြောလိုက်တာဖြစ်ပေမယ့် လျှို့ရှင်းယွဲ့က အတည်ယူသွားလိမ့်မည်ဟု လင်ဟိုင်မတွေးထားမိချေ။ အမှန်အတိုင်းဝန်ခံရမည်ဆိုပါက လျှို့ရှင်းယွဲ့သာ အတည်လက်ခံသည်ဆိုလျှင် လင်ဟိုင်လပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့ မြောက်ကြွမြောက်ကြွ ဖြစ်နေမိမှာ အမှန်ပင်။ ကျောင်းရဲ့ အလှအပလေးဆီမှ ရည်းစားဖြစ်ခွင့်ကို ဘယ်ကျောင်းသားမှ ငြင်းမည်မဟုတ်ပေ။ သို့သော် ယခုတွင်မူ လင်ဟိုင့်အတွက် ပြဿနာတက်နေသည်မှာ လျှို့ရှင်းယွဲ့က ငိုသွားခြင်းပင်။

ချီးပဲ။ ငါက အခုတော့ အကူအညီလာတောင်းတဲ့သူအပေါ် အခွင့်အရေးယူတဲ့ တကိုယ်ကောင်းသမား ဖြစ်သွားပြီ။

#တင်းတောင်#

ဖုန်းမှ နိုတီတက်သံကြောင့် လင်ဟိုင် ဝီချက်ထဲ ဝင်ကြည့်တော့ ( friend request) သူငယ်ချင်းဖြစ်ခွင့်တောင်းသည့် နိုတီကို တွေ့လိုက်ရသည်။

" ချီး။ မျောက်မင်းဟ။ စွန်းဝူခုံးက ငါ့ကို အရင် ဝီချက်မှာ သူငယ်ချင်းဖြစ်ခွင့် လာတောင်းတာဟ။ "

လင်ဟိုင် အင်မတန် ရင်ခုန်သွားသည်။ တရုတ်နိုင်ငံက ယောကျ်ားလေးတစ်ယောက်အနေနှင့် ငယ်ငယ်ကတည်းက အနောက်အရပ်သို့ ခရီးသွားခြင်း ဟူသည့် စီးရီးကို ကြည့်ပြီး ကြီးပြင်းခဲ့ရသည့် သူ့အတွက် စွန်းဝူခုန်းဆိုသည်မှာ အနှစ်သက်ရဆုံးသော ဟီးရိုးတစ်‌ယောက်ပင်။ လင်ဟိုင် ချက်ချင်းပင် မျောက်မင်းဆီမှ သူငယ်ချင်းဖြစ်ခွင့်ကို လက်ခံလိုက်သည်။

# မင်း ကိုယ်ပျောက်ဆေးလုံးကို ရလိုက်တယ်မဟုတ်လား။ ငါ့ကို ပြန်မ‌ရောင်းချင်ဘူးလား။ #

လင်ဟိုင် လက်ခံလိုက်သည်နှင့် မျောက်မင်းထံမှ စာက ချက်ချင်းဝင်လာသည်။

# ဟားဟား။ ဒါက ဒီအတိုင်း ဆေးလုံးတစ်လုံးပဲကို။ ဒီအတိုင်းပဲ ယူသွားပါ။ #

လင်ဟိုင် ဒီအတိုင်း ကိုယ်ပျောက်ဆေးလုံးကို မျောက်မင်းဆီ ပို့ပေးလိုက်သည်။ သူလည်း သုံးလို့မရသည့်အတူတူ သုံးနိုင်သည့်သူကို ပေးလိုက်သည်ကမှ ကောင်းသေးသည်မဟုတ်လား။

ငါ့ရဲ့ We Chat က သုံးလောကနဲ့ဆက်နွယ်နေတယ် !!  (Slow Update) Where stories live. Discover now