Eun byul::အေးအေး

စကားစမြန်မြန်ဖြတ်ပြီး ကောင်မလေးဆီ သွားပြီးမေးလိုက်သည်

Eun byul::ဒီက yura shi ဟုတ်ပါတယ်နော်

Yura::ဟုတ်ပါတယ် ဘာကိစ္စရှိလို့လဲ

အမလေး ရုပ်မမြင်ဘဲ အသံကြားရင်တောင်ကြွေလောက်သည်
အသံက သေးသေးလေးနှင့်ဆွဲဆောင်မှုရှိတယ်

ကိုယ့်လို အသံဩဩ အာပြဲပြဲမဟုတ် အဲဒါကြောင့်လည်း
ဟိုကောင်က လိုက်ကြောင်တာနေမှာ

Yura::ဟိုမေးတာကော ကြားရဲ့လားမသိဘူး

Eun byul::arr nae ဒီစာလေးပေးချင်လို့
ဟို jung kook ကပေးခိုင်းလိုက်တာ

ပြောပြီး တချိုးတည်းပြန်ပြေးလာလိုက်သည်

Eun byul::ကဲ jung kook နင့်ကိစ္စပြီးပြီမလား
ငါထမင်းသွားစားတော့မယ်

Jung kook::အေး သွားသွား ငါတော့ သူ့မျက်နှာလေး
ဘယ်လိုဖြစ်သွားမလဲဆိုတာ ကြည့်လိုက်ဦးမယ်

သူ့စကားအဆုံးမှာ ဘယ်ဘက်ရင်ဘက်က အောင့်တက်
သွားသည်ကိုခံစားလိုက်ရသည်

Yoo eun byulရယ် ပထမဆုံးမဟုတ်ပဲနဲ့ နင်ဘာလို့
ခံစားနေရပြန်တာလဲ နင်ပဲဒီလိုဖြစ်အောင် လုပ်ပေးလိုက်တာလေ နင်ပဲjung kookပျော်ရင်ပြီးရော
ဆိုပြီးလုပ်ပေးလိုက်တာကို ငိုမနေစမ်းနဲ့ဟာ

လှေကားထောင့်တစ်ထောင့် လူကွယ်ရာမှာထိုင်ချပြီး
ကိုယ့်ကိုကိုယ် အားပေးလိုက် ငိုလိုက်ဖြင့် recessဘယ်လိုကုန်သွားမှန်းတောင်မသိခဲ့ပါ

နောက်နေ့မှာတော့ ကျောင်းမှာ jung kookနဲ့  yuraကို
တတွဲတွဲနဲ့စမြင်ရပါသည်  သူတို့ကို တချို့က အားကျသည်
ချီးကျူးသည် တချို့ ယောက်ျားလေးတွေကတော့
"ဟား jeon jung kookဆိုတဲ့ကောင် သာယာပါ့ကွာ
ရုပ်ကလည်းချော ပိုက်ဆံလည်းရှိ talkyကလည်းကောင်း
အခုyuraလေးတောင်ပါသွားပြီ"

"ဟျောင့် သိပ်လည်းချီးကျူးမနေနဲ့ မကြာခင်ပျက်ပြီး
yuraကျန်ရစ်ဖြစ်မှာ ဒီကောင်က မိန်းကလေး
တစ်ယောက်ကို တစ်ပတ်ထက်ပိုပြီး တွဲဖူးလို့လား
အခုတောင်သူ့နာမည်ပြောင်က1weekJKဖြစ်နေပြီဟာ"

တစ်ယောက်တစ်ပေါက်ပြောနေသံများက နားနဲ့မဆံ့အောင်ကြားနေရသည်

N.E.A.RWhere stories live. Discover now