အထုတ်တွေနေရာချလို့မပြီးသေးပေမယ့် သူ့ဗိုက်ကဆာလောင်​နေဖြစ်ပြီ၍ အောက်ထပ်သို့ပြေးဆင်းလာခဲ့တော့သည် ။

သူထမင်းစားပြီးတော့ ညနေ ၄ နာရီထိုးပြီ ။ ပျင်းတာနဲ့ အိမ်အသစ်ကိုသာစူးစမ်းနေမိတယ် ။ သူနေတဲ့အပေါ်ထပ်မှာအခန်း ၂ ခန်းရယ် စာဖတ်ခန်းရယ်ရှိတယ် ။ အောက်ထပ်မှာ အိပ်ခန်း ၂ ခန်းနဲ့ ဧည့်ခန်းကျယ်တစ်ခုရှိပြီး မီးဖိုချောင်နဲ့ ထမင်းစားခန်းကတွဲလျှက်ဖြစ်သည် ။ ရေချိုးခန်းနဲ့ အိမ်သာကတော့ သူ့အခန်းထဲတွင်ရှိပြီး နောက်တစ်ခုကအောက်ထပ်တွင်ဖြစ်သည် ။

သူစူးစမ်းလို့ပြီးတော့ ခြံထဲဆင်းလာခဲ့တယ် ။ လွန်ခဲ့တဲ့ တစ်လလောက်ကလူနေခဲ့သေး၍ ခြံထဲရှိမြက်ပင်တွေကသေသေသပ်သပ်နဲ့တင့်တယ်နေတယ် ။ ချယ်ရီပင်အကြီးကြီးတစ်ပင်ရှိပြီး ရာသီချိန်မဟုတ်သေး၍ အပွင့်ပင်မမြင်ရ ။ ဒန်းအိုတစ်ခုရှိပြီး ဆေးပြန်သုတ်ရမယ်လို့သူတွေးမိတယ် ။ သူတို့အိမ်လေးကသာမန်ပါပဲ ။ တိတ်ဆိတ်ပြီးနေလို့ကောင်းတယ် ။

" ဟေ့ !!! ဟေ့ ဂျုံးဂု မင်းနောက်တစ်ခါမုန့်ဝယ်ကျွေးဖို့ပြင်ထား "

" ဟားး ဟား ဒီဘဝမှာဆုတောင်းထားလေ .."

ထယ်ယောင်း ခြံထဲမှာနေရင်း တဖက်ခြံမှအော်သံတွေကြောင့် သူလှည့်ကြည့်မိသည် ။ သူ့အရွယ်ကောင်လေးတစ်သိုက် စ , နောက်နေခြင်းဖြစ်သည် ။ ထယ်ယောင်း ပြုံးလိုက်ပြီးအကြည့်လွှဲလိုက်တော့သည် ။

××××××××××

သူဒီနေ့စိတ်လှုပ်ရှားနေတယ် ။ ကျောင်းဝတ်စုံအသစ်နဲ့ ကျောင်းအသစ်ကိုသွားတက်ရမှာဖြစ်လို့ပဲ။ အဲ့တာကြောင့် အမေကစောစောနှိုးပြီးပြင်ဆင်ခိုင်းထားတယ် ။ အားလုံးပြီးစီးသွားတော့ အဖေကကျောင်းကိုလိုက်ပို့ပေးတယ် ။

ကျောင်းထဲဝင်ဝင်ချင်းသူ့ခြေလှမ်းတွေကတက်ကြွလို့နေခဲ့တယ် ။ စိတ်လှုပ်ရှားပေမယ့်လည်း သူဆိုတာကအမြဲတက်ကြွနေတတ်တဲ့သူမျိုး ။ အထဲရောက်တော့ ဆရာမတစ်ယောက်ရဲ့ဦးဆောင်မှု့နဲ့အတူ သူတက်ရာမယ့်အခန်းဆီသို့ ။

" ဒါက ကျောင်းသားအသစ် ဂင်ထယ်ယောင်းတဲ့ နှုတ်ဆက်လိုက်ဦး "

TAElepathyGUK (𝙤𝙣𝙚 𝙨𝙝𝙤𝙩)Where stories live. Discover now