Unicode version
ထယ်ယောင်းက အသက် ၁၈ နှစ်ရှိပြီဖြစ်တဲ့အထက်တန်းကျောင်းသားတစ်ယောက် ။ သူတို့မိသားစုမှာ သူအပါအဝင် ၃ယောက်ပဲရှိတယ် ။ အခုသူတို့မိသားစုရဲ့ကားလေးက ဒယ်ဂူကနေဘူဆန်ကိုသွားတဲ့ကားလမ်းမပေါ်မှာတရွေ့ရွေ့မောင်းနှင်နေတယ် ။
သူတို့ ဒယ်ဂူကနေဘူဆန်ကိုပြောင်းလာခဲ့တယ် ။ ခရီးသိပ်မကွာ၍ အချိန် ၁ နာရီကျော်လောက်မှာသူတို့နေရမယ့် အိမ်လေးကိုရောက်ခဲ့တယ် ။ အဲ့အချိန်တုန်းက ခေတ်မှီတဲ့အိမ်တွေသိပ်မရှိသေးဘူး ။ တိုက်အမြှင့်ကြီးတွေတော့ရှိနေပေမယ့် အခုချိန်လောက်ထိမတိုးတက်သေးဘူး ။ ဒါပေမယ့် သူသဘောကျမိတယ် ။ အရင်အိမ်လေးကိုလွမ်းပေမယ့်လည်းပေါ့ ။
" ထယ်ယောင်း ဒီအထုတ်တွေအရင်ယူသွား "
" ဟုတ်ကဲ့ "
အဖေကကားပေါ်ကပစ္စည်းတွေကိုသေချာချပေးရင်း သူ့ကိုသယ်သွားဖို့ပြောသည် ။ အမေကတော့တနိုင်တပိုင်ကို အရင်သယ်သွားနှင့်ပြီ ။ သူတို့ကားပေါ်မှာကပစ္စည်းများများစားစားမပါ ။
အိမ်အသုံးအဆောင်ပစ္စည်းတော်တော်များများက လွန်ခဲ့တဲ့ ၂ ရက်လောက်ကတည်းက ကုန်ကားနဲ့သယ်ယူပြီး အိမ်အတွင်းနေရာချခဲ့ပြီးပြီ ။ အခုသူတို့ရဲ့အထုတ်အပိုးနည်းနည်းကိုသာမျှသယ်ရင်းအိမ်ထဲဝင်လာခဲ့ကြသည် ။
" သားအခန်းကအပေါ်ထပ်က ဘယ်ဘက်အခန်းပဲ အဖေတို့ကအောက်ထပ်မှာပဲနေရာချထားတယ်"
" ဟုတ် အဲ့တာဆိုသားနေရာချလိုက်ဦးမယ် "
ထယ်ယောင်းအထုတ်တွေကိုဆွဲကာ သူနေရမယ့်အခန်းဆီကိုဝင်လာခဲ့သည် ။ နံရံတွေကဆေးပြန်သုတ်ဖို့လိုနေသေးပေမယ့် အဆိုးကြီးတော့မဟုတ် ။ ပြတင်းပေါက်တွေပိတ်ထား၍ အနည်းငယ်မှောင်နေသည် ။ သူအထုတ်ကိုနံရံဘေးကပ်လိုက်ပြီး ပြတင်းပေါက်တွေကိုဖွင့်လိုက်တယ် ။ လင်းထင်းသွားတဲ့သူ့အခန်းကြောင့် ထယ်ယောင်းကျေနပ်စွာပြုံးလိုက်တော့တယ် ။
" သားပြီးရင် ထမင်းစားမယ်ဆင်းခဲ့ "
" ဟုတ်ကဲ့ အမေ "
