Kaname တားမြစ်လိုက်တာကြောင့် အမွှာနှစ်ကောင် မျက်လုံးတွေပြူးပြီး ခန္ဓာကိုယ်ကို ကွတတလုပ်ကာ Kaname ပုံစံကို သရုပ်ဖော်ပြနေတာ ရပ်တန့်သွားတယ်!
"မင်းတို့ငါ့ကို ဘီလူးနဲ့ အထင်အမြင်မှားနေတာတော့ မဟုတ်ပါဘူးနော်"
"Hahahahaha"
Kaname က မျက်လုံးပြူး မျက်ဆံပြူးနဲ့ မေးတော့ Sagami က ဝါးလုံးကွဲထရယ်တယ်! Kaname က အူကြောင်ကြောင်နဲ့ Sagami ကိုကြည့်တဲ့အခါ Sagami က ဗိုက်နှိပ်ကာ မျက်ရည်တွေ သုတ်ရင်း Kaname ကို ရှင်းပြလေသည်!
"အဲ့ဒါ ....hahahaha အဲ့ဒါ အဲ့ဒီ့ အမွှာနှစ်ကောင်ရဲ့ ပညာပဲ nii san ! သူတို့ nii san ကို တမင်နောက်နေကြတာ ! သူတို့ကြည့်တော့ အပြစ်ကင်းတဲ့ ပုံနဲ့ မသိနားမလည်သလိုနဲ့ တဖက်ကို ဖမ်းစားပြီး နောက်ပြောင်တာ သူတို့အကျင့် hahaha"
အဲ့ဒီတော့မှ Kaname လည်း စိတ်အေးသွားသည့်ပုံနဲ့ ရယ်နိုင်တော့သည်!
"Kaname nii san နဂါးမင်းကြီး Daikaku sama ကရော...."
"ကြောက်စရာကောင်းလားဟင်?"
အမွှာတွေက သူတို့ထုံးစံအတိုင်း စကားကို တစ်ယောက်စီ ခွဲပြောရင်း Kaname ကို မေးပြန်တယ်! အခုတော့ သူတို့ပုံက သူတို့မသိသေးတဲ့ အပြင်လောကကို စူးစမ်းသလိုပုံနဲ့ !
Daikaku sama ဆိုမှ Kaname ရင်ထဲ စောစောက ပျောက်ကွယ်လုလုဖြစ်နေတဲ့ ပူပန်မှုတွေ ပြန်လည်နိုးထလာပြန်သည်!
သခင်....
Kaname ကောင်းကင်ဆီ လည်ပြန်မျှော်ကြည့်လိုက်သည်!
ပြန်မှ ဖြစ်မယ်.....
Kaname ခြေလှမ်းက နောက်လှည့်ဖို့ပြင်ချိန်.....
" Kaname nii san!!!"
အမွှာတွေက Kaname ဝတ်ရုံ အနက်ကို ဆွဲကာ သံပြိုင်အော်တယ်! သူတို့ကို လှည့်ကြည့်တော့ Kaname ဆီက အဖြေစကားကို မျှော်လင့်နေတဲ့ပုံတွေ !
"Jugo ! Junichiro ! Kaname nii san က အခုမှ ခရီးကရောက်တာလေ ! nii san ကို အိမ်ထဲ မခေါ်တော့ပဲ မင်းတို့ မေးချင်တာတွေ ဒီမှာပဲ မေးမလို့လား ? nii san ကို နားခိုင်းအုံးမှပေါ့ ! သူအကြာကြီးနေမှာ နောက်မှ မင်းတို့ကြိုက်သလောက်မေးလို့ရတယ် "
YOU ARE READING
Unbreakable ( Unicode Version )
FanfictionThis is a cruse anymore but.....our love is unbreakable! The sequel of Love Legend! This story is my own story please enjoy~^ ^
Irreplaceable [ Kaname × Diakaku ] side story part 4
Start from the beginning
