Halloween Party - Part 1

Start from the beginning
                                        

"Costume? ဘာလည်းအဲ့ဒါ! ?"

"အော် ဟိုလေ ..... အဝတ်အစားတွေလေ....သရဲ တစ္ဆေတွေလို အဝတ်အစားမျိုးတွေဝတ်ပြီး သရဲတစ္ဆေတွေလို ပြင်ဆင်ပြီး ပါတီလုပ်ကြမယ်လေ"

"မင်းတို့ လူတွေ ရှုပ်ပါ့ Iori! လူက သရဲလို ဝတ်ရတယ်လို့! ငါကရော ဘာကိစ္စအဲ့သလိုပေါကြောင်ကြောင်တွေ ဝတ်ရမှာလည်း?"

"Kokonoe sama ကလည်း ပျော်စရာကောင်းပါတယ်! Kokonoe sama သာ Vampire လိုဝတ်လိုက်ရင်..."

"Vampire?"

"သွေးစုတ်ဖုတ်ကောင်လေ"

"တော် တော် အရူးအလုပ်တွေ ! ငါမှာ အလုပ်တွေရှိသေးတယ် Iori အဲ့ဒီ့ပေါကြောင်ကြောင်တွေအတွက် အချိန်မရှိဘူး!"

Kokonoe sama က ပြောပြောဆိုဆို ခန်းမဆောင်ထဲက ထထွက်သွားလေသည်! ကျွန်တော် တယောက်ထဲ အခန်းထဲမှာ စိတ်ပျက်လက်ပျက် ကျန်နေခဲ့တယ်!

ဒီမြေခွေးကြီးကို ဘယ်လိုစည်းရုံးရမလည်း ကြံရာမရဖြစ်နေမိတယ်!

__________ Unbreakable ___________

"Tenri Tenri"

"ဘာလည်း ?"

Tenri က လက်ဖက်ရည်ကြိုနေရင်းက လှည့်ကြည့်တယ်!

"ဟိုလေ Kokonoe sama ဆီ လက်ဖက်ရည်အိုးပို့မှာ မဟုတ်လား ကျွန်တော်သွားပို့လိုက်မယ်လေ "

Tenri က ကျွန်တော့်ကို အထူးအဆန်းလို ဆက်ကြည့်နေတယ်!

"ဟို ..... ဟီး Kokonoe sama ဆီ တောင်းဆိုစရာလေးရှိလို့ အဲ့ဒါ...."

Tenri က မျက်မှောင်ပိုကျုတ်ပြီး ကြည့်နေပြန်တယ်!

"Heee ဒီလို Tenri ရ ဒီနေ့ Halloween day လေ အဲ့ဒါ ညခင်းကို Halloween party လုပ်ရအောင်လို့ Kokonoe samaကိုပြောတာ မလုပ်ဖူးပြောနေတယ် "

"ဘယ်လုပ်မလည်း မင်းလည်းသိသားနဲ့ Kokonoe sama က အဲ့သလို ရှုပ်ရှုပ်ရှက်ရှက် တွေမှ မကြိုက်တာကို"

"ဟုတ်တယ် မနက်ကပြောကြည့်တာ အော်ခံရတယ်"

"ဒါကို ဘာကိစ္စ ဆက်ပြောနေအုံးမှာလည်း Iori?"

"ကျွန်တော်က အားလုံးကိုပျော်စေချင်လို့ပါ costume တွေလည်းအကုန်ပြင်ဆင်ထားတာကို! Kokonoe sama သာ vampire လို ဝတ်လိုက်ရင် ....arrrrrrrrrrr အရမ်း အရမ်းကို ခန့်ညားမှာပဲ "

Unbreakable ( Unicode Version )Where stories live. Discover now