#Zawgyi.....
မနက်ချိန်.....
"...ဒေါက်...ဒေါက်...ဒေါက်..."
ကျနော် အိပ်နေတုန်း အပြင်ဘက်က တဒေါက်ဒေါက်တံခါးခေါက်သံကြောင့် မျက်လုံးကမဖွင့်ချင်ပေမဲ့လည်း နားကအတိုင်းသားကြားနေရတာကြောင့် စိတ်ကမရှည်တော့....
"....အားးး... ဘယ်သူလဲ???..."
"...အစောကြ်ီးရှိသေးတာကို.. နည်းနည်းပါးပါး နားလည်မှူလေးရှိရမယ်ဆိုတာ မသိဘူးလား???..."
စိတ်မရှည်တာနဲ့ အိပ်ယာထက်ကနေ လှမ်းအော်ပြောလိုက်မိသည်။
"...သား..ရှောင်ကျန်း... ထတော့လေ..."
"...သခင်ကြီးက နိုးခိုင်းလို့ ငါ့သားရဲ့..."
"...သခင်ကြီးက ဒီနေ့ သားရုံးတက်ရမဲ့နေ့မို့တဲ့ အဲ့တာ ထပီးရေမိုးချိုးပြင်ဆင်တော့တဲ့ သားရေ..."
အသံကိုနားထောင်ကျိတော့ ကျနော်တို့အိမ်ရဲ့ထမင်းဟင်းချက်တဲ့သူလည်းဖစ်ပီး ကျနော့်ကိုငယ်ငယ်ကတည်းက ထိန်းကျောင်းပေးခဲ့တဲ့ သူလည်းဖစ်တဲ့ ကြီးကြီးဖစ်နေမှန်းသိလိုက်သည်။
"....aw...ဟုတ်...ဟုတ်...ကြီးကြီး...သားထပီ.."
ဆက်အိပ်ချင်ပေမဲ့လည်း မဖစ်နိုင်တော့တာကြောင့် ရေမိုးထချိုးပီးရုံးတက်ဖို့ပြင်ဆင်လိုက်ရတော့သည်။
♣♣♣♣♣♣♣♣♣♣♣
ဒီလိုနဲ့ တအိမ်လုံးမနက်စာတူတူစားခဲ့ကြသည်။
အားလုံးပြင်ဆင်ပီးစီးတာနဲ့ ကားထုတ်ဖို့အတွက် ကားသော့ကို ယူမို့မေ့နေတာကြောင့်တခါအပေါ်ထပ်ကိုပြေးရပြန်သည်။
အပေါ်ထပ်က အခန်းထဲ ဝင်ရှာတော့လည်းမတွေ့..အိပ်ယာမာကော တခန်းလုံး နေရာအနှံ့ရှာလည်းမတွေ့တာကြောင့် အောက်ထပ်ကိုပြန်ဆင်းလာလိုက်သည်။
"...မိန်းမိန်း...ကိုကို့ကားသော့တွေ့မိသေးလား..."
"...ဟင့်အင်း...မတွေ့ပါဘူး..တွေ့ဖိုနေနေသာသာ ကိုကို့ကားသော့ဘယ်ဆီဘယ်ဝယ်မှန်းတောင် မသိတဲ့ဟာ..."
"....ကျစ်!!!...မနေ့ကယူလာပါတယ်...ခုဘယ်ရောက်နေမှန်းမသိဘူး...ဟူးးး... "
