"အရာရာတိုင်းအတွက်ကျေးဇူးပဲ ခန့်ထည်"

နိုးနိုးက နှစ်လိုဖွယ်ကောင်းစွာ ပြုံးပြလိုက်သည်။သို့သော် ထိုအပြုံးများသည် လန်းဆန်းမနေပါ။ကြေကွဲရိပ်တစ်ချိူ့သာ သန်းနေလျက် အားတင်းပြုံးနေရသည့် အပြုံးတစ်ခုထက်​တော့ မပိုပါ။

သူ့အိမ်ကိုရောက်တော့ ဒေါ်ချောက ထုံးစံအတိုင်းနွေးထွေးစွာဆီးကြိုနေတာမို့ မိသားစုအရိပ်အငွေ့
သဲ့သဲ့ကလေးကို သူ ခံစားမိလိုက်သည်။ ဘာဘဲဖြစ်ဖြစ်သူ့မှာမိသားစုဟု သတ်မှတ်၍ရတာဆိုလို့ ဦးဝေ၊ ဒေါ်ချောနဲ့ ကိုကျော်နောင် စသဖြင့်လက်ချိူးနေလို့ရသည့် ပမာဏသာရှိသည်။

"နိုးနိုးလေး ပြန်လာပြီလား ဒေါ်ချောဖြင့် စိတ်ပူနေ
လိုက်ရတာ ဆရာလည်းအိမ်ပြန်မလာတာနှစ်ရက်
ရှိပြီ "

ဒေါ်ချောက သူ့ကိုမြင်သည်နှင့် သူမဘယ်လောက် စိတ်ပူပန်နေသည့်အကြောင်းအား ပြောပြနေတာမို့ နိုးနိုးက ပြုံးလိုက်ကာ

"ကဲပါ အန်တီချောရယ် ကျွန်တော် အိမ်ပြန်လာပြီပဲ ဦးဝေလည်း ခဏနေပြန်ရောက်လာမှာမို့ ပူမနေပါနဲ့ဗျ "

"အင်းပါကလေးရယ် ဒေါ်ချောက နိုးနိုးလေးတို့  တူရီးနှစ်ယောက်ကို ချစ်ချစ်ခင်ခင်ပဲမြင်ချင်တယ်လေ နိုးနိုးလေးမရှိတဲ့အချိန်တုန်းက ဆရာဆို လုံးဝမျက်နှာမကောင်းဖူးကွယ် ဆရာမနဲ့မင်္ဂလာကိစ္စ စီစဥ်နေပေမဲ့ ပျော်တယ့်ပုံလည်းမရပါဖူး ဆရာ့မှာလည်း စိတ်ဖိစီးမှုတွေများလွန်းတာမို့တစ်ခုခုဆို နိုးနိုးလေးကပဲ အလျော့ပေးလိုက်ပါကွယ် အရင်လိုစိတ်လက်မာန်ပါထွက်မသွားပါနဲ့ ဆရာက နိုးနိုးလေးကိုသိပ်ချစ်ရှာတာကွဲ့ "

"ကျွန်တော်က ပိုချစ်တာပါ အန်တီချောရယ် "

စိတ်ထဲမှပဲ သူ တီးတိုးရေရွတ်လိုက်ပါသည်။ ထို့နောက်သူလည်း သူ့အခန်းသူ တတ်လာခဲ့ကာ အန်တီချောကတော့ သူနဲ့ ဦးဝေ စားဖို့ဟင်းချက်ဦးမယ်ဟုဆိုလျက်မီးဖိုခန်းထဲဝင်သွားလေသည်။

ရေပန်းအောက်မှာ ရေကြာကြာစိမ်ချိူးပြီး သူ့ရဲ့စိတ်ပင်ပန်းမှုတို့ကိုဖြေဖျောက်လိုက်သည်။ ရေချိူးလို့ ပြီးလုပြီးခင်မှာပဲ ဦးဝေတို့ကားဟွန်းသံကို ကြားရတာကြောင့် အနဲငယ်ကျောချမ်းသွားရသည်။ အဖြစ်မှန်ကို သူတို့သုံးယောက် သာမက ကိုကျော်နောင်ပါ သိနေတာမို့ ကိုကျော်နောင်တစ်ယောက် ဦးဝေကိုဖားရင်း အမှန်အတိုင်း ပြောချလိုက်မှာကိုတွေးရင်း လန့်နေရသည်။ အဲလိုဆို ဦးဝေသူ့ကို တစ်သက်လို့ မုန်းလို့ ဆုံးမှာ မဟုတ်တော့။

Loving Lies ( Completed )Where stories live. Discover now