Ré-2 : Xiao Zhan

2.4K 289 62
                                    

တ​ရွေ့​​ရွေ့သွား​နေ​သော အနက်​​ရောင်​ကား​လေးက " Lovecraft မြို့သို့ ၅မိုင်​" ဆို​သော ​ဆိုင်းဘုတ်​ကို ဖြတ်​သန်းလာခဲ့ပြီ။ ​စိမ်းဖန့်​ဖန့်​ ရနံ့​ရော​သော ​လေပြည်​ညင်းက လတ်​ဆတ်​​နေဆဲ၊  ​ကောင်းကင်​ကလည်း မှိုင်းညို့​နေဆဲဖြစ်​သည်​။

အညိုနှင့်​ အစိမ်းရင့်​​ရောင်​က လှပစွာ ယှဉ်​တွဲလျက်​။ သဘာဝတရား၏ လက်​ရာ အနုပညာ။

ဘေးဘီမြင်​ကွင်းတခွင်​က သစ်​ပင်​များသာ ဖြစ်​သည်​။ အစိမ်းရင့်​​ရောင်​နှင့်​ အညို​ရောင်​ကို အနုအရင့်​သာ ကွဲ​သော သစ်​ပင်​များ၏ အရွက်​များက ပန်းပွင့်​များကဲ့သို့ အမြင်​လှ​နေ၏။

ဒုတိယ ​နွေဦးရာသီ။ အ​ရောင်​စုံ​သော သစ်​ရွက်​များကို ပန်းပွင့်​များလို့ မြင်​ကြည့်​လိုက်​လျှင်​ ယခုက ဒုတိယ​နွေဦးရာသီပဲ။

ဝမ်​ရိ​ပေါ်၏ မြင်​ကွင်းအတွင်း အ​ဝေးတစ်​​နေရာတွင်​ မြူများထူထပ်​​နေ​လေသည်​။ ထိုမြူများက အမှုန်​ငယ်​များလို လေထုထဲ၌ ​ရွေ့လျား​နေ​​လေ၏။ ဖြူဖြူ​ဖွေး​ဖွေးအ​ခိုးအ​ငွေ့များက မီးငြိမ်းကာစ ဖ​ယောင်းတိုင်​မှ ထွက်​​ပေါ်လာ​သော အ​ငွေ့များလိုမျိုး။

ပေါ့ပါးလွတ်​လပ်​​နေ​လေသည်​။

မြူထူ​နေ​သော ထို​နေရာ၌ မတ်​တပ်​သွားရပ်​ပါက အ​တော်​​လေး ​အေးလိုက်​မည့်​ဖြစ်​ခြင်း။

မှုန်​ဝါး​ ​အေးစက်​နေတာပဲ။ ဝမ်​ရိ​ပေါ် ​တွေးရင်း ​ခေါင်း​စောင်းကာ​ဘေးဘက်​ရှိ သစ်​ပင်​များကိုသာ ကြည့်​​နေလိုက်​၏​။ လှပ​သော မြင်​ကွင်းအတွင်း လျှင်​မြန်​စွာ ​ရွေ့လျား​သွား​သော သစ်​ပင်​များက ​နောက်​၌ ကျန်​ခဲ့​လေပြီ။

တစ်​လမ်းလုံး တိတ်​ဆိတ်​​နေ​သော ဝမ်​ရိ​ပေါ်ကို အ​မေက ​ကား​မောင်း​နေရင်း ခေါင်း​စောင်းကြည့်​​လိုက်​သည်​။ သူမ၏ မြင်​လွှာထဲသို့ဝင်​​ရောက်​လာ​သော ဝမ်​ရိ​ပေါ်​လေးက အသက်​မဲ့​နေသလို မျက်​နှာနှင့်​။

ဝမ်​ရိ​ပေါ်၏ မျက်​နှာ​ပေါ်တွင်​ ပျော်​ရွှင်​ခြင်း ၊ ဝမ်းနည်းခြင်းသာမက အခြား​သော ခံစားချက်​များကိုလည်း မ​တွေ့ရ။ တိတ်​ဆိတ်​လျက်​သာ ​နေ၏။

You've reached the end of published parts.

⏰ Last updated: Mar 19, 2020 ⏰

Add this story to your Library to get notified about new parts!

Inexorable[ Wang Yibo × Xiao Zhan]Where stories live. Discover now