Zawgyi
______" ကိုယ်ပျောက်ဆေးလုံး"
လင်ဟိုင် အိတ်ရှုံ့လေးကို ခပ်မြန်မြန်ထိလိုက်ပြီး သူ့ရဲ့ အညွှန်းကို ဖတ်ကြည့်လိုက်ပါတယ်။
# ကိုယ်ပျောက်ဆေးလုံး - ကိုယ်ပျောက်စွမ်းအင်နှင့် ခြေရာလက်ရာမကျန်အောင် ဖျောက်ဖျက်နိုင်သည့် စွမ်းအင်ရှိသည်။ သုံးစွဲသည့်အချိန်မှစ၍ 2 နာရီကြာ ခံနိုင်သည်။ #
"ချီး! ကိုယ်ပျောက်စွမ်းအား ဆိုပါလား။ "
လင်ဟိုင် အံ့အားသင့်သွားလေသည်။
" ဝမ်ဖန့်သာ ဒီဆေးလုံးအကြောင်းသိရင် အတင်းလုပြီး မိန်းကလေးအဝတ်လဲခန်းထဲသွားပြီး ရေချိုးတာကို ခိုးကြည့်မှာပဲ။ ပြန်တောင်ပြန်လာမှာမဟုတ်ဘူး။ "
လင်ဟိုင် ရေရွတ်ရင်း အောက်ကအညွှန်းကို ဆက်ဖတ်ကြည့်တော့ စိတ်ပျက်သွားလေသည်။
ငါလူး။
# ရွှေရောင်ကောင်းကင်နယ်ပယ် အဆင့်အောက်မှ သူများ သောက်သုံး၍မရ။ #
အသိသာကြီး။ ရိုးရိုးသာမာန်လူသားတစ်ယောက်ဖြစ်တဲ့ လင်ဟိုင်အတွက်တော့ ဒီဆေးလုံးက ဘာမျှအသုံးမဝင်ပေ။ စိတ်ပျက်အားလျော့သွားတဲ့ လင်ဟိုင်တစ်ယောက် ဆေးလုံးကို we chat အိတ်ထဲကမထုတ်တော့ပဲ chat group များရှိသော ဖုန်းမျက်နှာပြင်သို့ထွက်လာလေသည်။ သူဖုန်းကိုကြည့်လိုက်တော့ *မြင့်မြတ်ကောင်းကင် ကူးသန်းရောင်းဝယ်ရေးစက်ကွင်း* က နတ်ဘုရားများ၏ စာများနှင့် ဝေဝေဆာဆာဖြစ်နေပြန်သည်။
ကျို့ထျန်းရွမ်ရှု # စာအိတ်အနီကိုပို့ပေးတဲ့သူက အရမ်းကို ခန့်ညားတာပဲ။ (လက်မထောင်ထားသော အီမိုဂျီ)
လိန်ကုန်း # ကျေးဇူးပါ လောပန် ( အင်မတန်ရိုသေလေးစားသည့်ပုံ အီမိုဂျီ)
ရိရိုရှန်း # ချီး! ဘာလို့ ငါ့တာဝန်ချိန်မှာမှ စာအိတ်အနီပေးတာတုန်းကွ။ ငါတစ်ခုမှမရလိုက်ဘူးလေ။ (ငိုကြွေးနေသော အီမိုဂျီ)
ရဲရိုရှန်း # ဘာပြောရမှန်းတောင်မသိတော့ဘူး။ ( ခေါင်းကုတ်နေသည့် အီမိုဂျီ)
ချီကျောက်တာ့ရှန်း # @ကျန်းကောလောင် မင်းရဲ့ ယွမ်ဆေးလုံးကို ရောင်းမှာလား။

YOU ARE READING
ငါ့ရဲ့ We Chat က သုံးလောကနဲ့ဆက်နွယ်နေတယ် !! (Slow Update)
Fantasyလင်ဟိုင်ဟာ သာမာန်ကျောင်းသားလေးတစ်ယောက်ပါပဲ။ ဒါပေမယ့် တကယ့်ကို ဒဏ္ဍာရီလာမသေမျိုးအမတတွေဖြစ်တဲ့ မျောက်မင်း၊ အရှေ့နဂါးဘုရင်နဲ့ အာ့လန်ရှန်း တို့ပါဝင်တဲ့ we chat group တစ်ခုထဲကို မတော်တဆ ဖိတ်ခေါ်ခံခဲ့ရပါတယ်။ အဲ့ဒီနေ့ကစပြီးတော့ သူ့ဘဝဟာ လုံးဝကို တစ်ဆစ်ချို...