အပိုင်း (၃) : အရှင်လောင်ကျစ်၏ စာအိတ်နီ

227 34 1
                                        

ZawGyi
______

" ဆရာ! ကျန်းနန်တက္ကသိုလ်ကို မြန်မြန်လေး။ "

လူတွေအားလုံး သီချင်းသံထဲအာရုံဝင်စားနေစဉ် လင်ဟိုင်ဟာ လျှို့ရှင်းယွဲ့ရဲ့ လက်ကိုဆွဲပြီး bar ထဲကနေ ပြေးထွက်ခဲ့သည်။ ထို့နောက် taxi တစ်စီးပေါ်သို့ အလျင်စလို တက်လိုက်လေသည်။

Taxi ပေါ်ရောက်တော့ လျှို့ရှင်းယွဲ့ဟာ အနေရခက်မှုနှင့်အတူ လင်ဟိုင်ကိုင်ထားသည့်သူမ၏လက်ကို အားအနည်းငယ်သုံးကာ ရုန်းထွက်လိုက်သည်။

" မင်းကောင်လေးအဖြစ် ဟန်ဆောင်ပြီး မင်းလက်ကိုခွင့်မတောင်းပဲကိုင်မိတာ ငါတောင်းပန်ပါတယ်။"

လင်ဟိုင် ကိုးရိုးကားရားနိုင်သော ရယ်သံနှင့်အတူ သူဆုပ်ကိုင်ထားသည့် လျှို့ရှင်းယွဲ့၏နူးညံ့သောလက်ကို စိတ်မပါစွာလွှတ်လိုက်ရသည်။

ဖာ့ခ်! ဒါက တကယ်ကို ချောမွေ့ပြီးနူးညံ့လွန်းတယ်။

" ရပါတယ်။"

လျှို့ရှင်းယွဲ့ မျက်နှာလေးရဲသွားသည်။

" အခုလိုမျိုး ကျွန်မကို ကူညီပေးတာကို ကျေးဇူးတင်ပါတယ်။ "

" ရပါတယ်။ သူတစ်ပါးကို ကူညီတယ်ဆိုတာ ဒီခေတ်လူငယ်တွေ လုပ်ကိုလုပ်သင့်တဲ့အရာပဲလေ။ "

လင်ဟိုင် material arts ရုပ်ရှင်တစ်ခုရဲ့ အဓိကဇာတ်လိုက်တစ်ယောက်ပြောခဲ့သည့်စာကြောင်းအတိုင်း
အတုခိုးပြန်ပြောလိုက်သည်။ သေးငယ်သော taxi အနောက်ခန်းထဲတွင်တောင်မှ ထိုအဓိကဇာတ်လိုက်ထုတ်သုံးသွားသည့် သိုင်းကွက်တစ်ကွက်အားလည်း ကိုယ်ဟန်ပြရန်မမေ့မလျော့ပေ။

လင်ဟိုင်၏ အူကြောင်ကြောင်ကိုယ်ဟန်အနေအထားကြောင့် လျှို့ရှင်းယွဲ့ မအောင့်နိုင်ပဲ ရယ်မောမိလေသည်။

လှလိုက်တာ။

ရယ်မောနေသော လျှို့ရှင်းယွဲ့မှာ အင်မတန်ကို လှပလွန်းသည့်အတွက် ငေးကြည့်နေရုံကလွဲ လင်ဟိုင်မတတ်နိုင်ချေ။

" သြော်။ ဒါနဲ့ ရှင်အခုနက ဆိုသွားတာ တော်တော်ကောင်းတယ်။ ခံစားချက်အပြည့်နဲ့ ဆိုတော့ ကျွန်မတောင် ငိုမိတော့မလို့။ "

ငါ့ရဲ့ We Chat က သုံးလောကနဲ့ဆက်နွယ်နေတယ် !!  (Slow Update) Where stories live. Discover now