မိတ်ဆက်(မိတျဆကျ)

60.9K 2.9K 229
                                    


Zawgyi

ယွမ်နဉ်ချင့်သည် လူအများကို လှည့်စားရတာကို ဝါသနာပါသည်၊ သူဟာ လူဆိုးလားဆိုတော့ မဟုတ်ဘူး ဒါပေမယ့် သူက လူကောင်းလဲ မဟုတ်ဘူး၊ တနေ့ ယွမ်နဉ်ချင့် သူ ချစ်ရတဲ့ အမျိုးသမီး ရဲ့ အဆိပ်ခတ်လုပ်ကြံ သတ်ဖြတ်မှုကို ခံလိုက်ရပြီး Kill the hostဆိုတဲ့ Fox System နဲ့ ချိတ်ချက်သွားသည်၊

" မင်းက ဘယ်သူလဲ"

[Fox: ငါကို အများက ကောက်ကျစ်ယုတ်မာတဲ့Systemလို့ခေါ်ကျတယ် အတိုကောက်က Fox]

"ကောင်းပြီ Fox မင်း ကိုယ်မင်း System လို့ ခေါ်လာတယ်မလား ငါက ဒါတွေကို ဝတ္ထုထဲမှာပဲ ရှိတယ်လို့ ထင်ခဲ့တာ "

[Fox: မင်း အခုလို ကိုယ်တိုင်တွေ့လိုက်တော့ကော...]

"အိုး ငါမအံ့သြဘူးလို့ ပြောရင် လိမ်ရာကျမှာပေါ့ ဒါပေမယ့် အံအောတာထက် ငါပိုစိတ်ဝင်စားတယ်"

[Fox: မင်းကို ရွေးချယ်တာ ငါမှန်ကန်တယ်လို့ ထင်သားပဲ၊ မင်းက ငါလိုပဲ... ကဲ ငါလိုရင်းပဲ ပြောမယ် ငါနဲ့ ပူပေါင်းဖို့ စိတ်ဝင်စားလား]

"ငါအတွက် အကျိုးအမြတ်က?"

[Fox: မင်း အရင်ဘဝမှာ ပြန်ဝင်စားနိုင်တယ်]

"No ငါငြင်းတယ် ဒါ မက်လောက်စရာမဟုတ်ဘူး"

[Fox: မင်း ကို သတ်ခဲ့တဲ့သူတွေကို ပြန်ကလဲ့စားချေလို့ရတယ်လေ]

"သူတို့ ငါ့ကို လုပ်ကြံမှာ ငါသိပြီးသား...ဟားဟား အခုချိန်ဆို အဲ့မိန်းမ ရူးသွပ်နေလောက်ပြီ"

Foxဟာ ခဏသာ တိတ်ဆိတ်သွားပြီး ယွမ်နဉ်ချင့်ရဲ့ သေဆုံးပြီး အဆက်ကို ပြန်ကြည့်တော့သည်၊ ယွမ်နဉ်ချင့်ဟာ သူသေဆုံးသွားတော့ သူဟာ သူရဲ့အမွေတွေအကုန်ကို လွန်ခဲ့တဲ့ တလကျော်ထဲက လှူဒါန်းပြီးပြီ ဖြစ်တဲ့အပြင် သူရဲ့ ကုမ္ပဏီတွေ ဆက်မလည်ပတ်အောင် အမျိုးမျိုးစီစဉ်ခဲ့သည်၊ ယွမ်နဉ်ချင့်ရဲ့ ဇနီးဟာ ထိုစိတ်နဲ့ပဲ ဥစ္စာရူးဖြစ်ကာ ရူးသွပ်သွားတော့သည်၊ ယွမ်နဉ်ချင့် ညီဟာလည်း အခွံသာသာရှိတဲ့ ကုမ္ပဏီများသာ ရပြီး ယွမ်နဉ်ချင့် ချေးထားသော အကြွေးများကို ဆပ်ရန် နာမည်ခံထားရသူဖြစ်လာသည်၊နောက်ဆုံး သူဟာ အကြွေးများကို မဆပ်နိုင်သဖြင့် ကိုယ့်ကိုယ်ကို သတ်သေသွားတော့သည်၊

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now