အခန်း ၂၃ (ပုံပြင်)

16.7K 2.9K 126
                                    

Unicode

အခန်း ၂၃
ပုံပြင်

ဝမ်းခယ့်ရှင်က ပြုံးရယ်လိုက်သော်ငြား သူ့ခန္ဓာကိုယ်ပေါ်တွင် ပြောမပြတတ်သောနာကြည်းဝမ်းနည်းမှုများကို သယ်ဆောင်ထားသည့်နှယ်။

"မထင်မှတ်ဘဲ ကျွန်တော့်အဖေရဲ့ ဓားသိုင်းပညာကို အခုချိန်ထိအမှတ်ရနေသေးတဲ့သူ ရှိနေသေးပါလား"

ကျိုးကျစ်ရှူး တခဏမျှနှုတ်ဆိတ်သွားသည်။ ကောင်းကင်ပြတင်းအဖွဲ့ပင်ဖြစ်ပါစေ အရာအားလုံးခြွင်းချက်မရှိပြီးပြည့်စုံပြီး လုံးဝဥဿုံဟာကွက်မရှိခြင်းမျိုးတော့မဖြစ်နိုင်ပါချေ။ သို့မဟုတ်ပါမူ မိမိကိုယ်တိုင်သည်ပင် ထွက်ပြေးလွတ်မြောက်လာနိုင်မည်မဟုတ်ပေ။ လွန်ခဲ့သောနှစ်ပေါင်း ၂၀ ခန့်မှ အဖြစ်အပျက်များဖြစ်နေသောကြောင့်ထင်၊ ယနေ့အချိန်၌ ထိုဇနီးမောင်နှံနှစ်ယောက် နောက်ပိုင်းတွင် မည်သည့်နေရာသို့ရောက်သွားပြီး မည်သို့မည်ပုံဖြစ်သွားကြသလဲဆိုသည်ကို မည်သူမျှမသိရှိကြတော့ပါချေ။

သူ ဝမ်းခယ့်ရှင်ကို တိတ်တဆိတ်အကဲခတ်ကြည့်ရှုလိုက်သည်။ ဝမ်းခယ့်ရှင်မှာ မီးပုံနံဘေးတစ်ဖက်တွင်ထိုင်နေ၏။ နောက်ကျောပြင်မှာအနည်းငယ်ကိုင်းညွတ်နေပြီး မျက်လုံးအကြည့်များမှာမူ တည်ငြိမ်အေးချမ်းနေပြီး အဝေးသို့လွင့်မျောနေလျက်၊ လွန်ခဲ့သောနှစ်ကာလများက သူ၏ဖခင်ဖြစ်သူ သူ့ကိုသင်ကြားပို့ချပေးခဲ့သော သိုင်းပညာလေ့ကျင့်ခန်းများကို ကျန်းချန်လင်တစ်ယောက် ကပေါက်တိကပေါက်ချာလေ့ကျင့်နေသည်ကို ငေးမောကြည့်ရှုနေသည်။ စကားလုံးများဖြင့်ဖော်ပြနိုင်စွမ်းမရှိသော နူးညံ့တည်ငြိမ်မှုနှင့် ရောင့်ရဲငြိမ်သက်မှုအရိပ်အယောင်တို့လှစ်ဟထွက်ပေါ်လို့နေသည်။ ကျိုးကျစ်ရှူး၏စိတ်ကူးထဲမှ ဝမ်းရူယွိ၏ပုံစံနှင့် အမှန်တကယ်ကိုပင် တထေရာတည်းတူညီလှပေသည်။

ဝမ်းခယ့်ရှင်က ရုတ်ချည်းပင် တေးသီချင်းတစ်ပုဒ်ကို စတင်ဆိုညည်းလိုက်သည်။

"တချို့စပါးနှံပင်လေးတွေဟာ ညွတ်ကိုင်းငိုက်ကျနေပြီ...တချို့ပင်ပျိုလေးတွေကတော့ အားသစ်လောင်းလို့ ဖူးပွင့်ဟန်ချီ....

လေလွင့်ခရီးသည်Where stories live. Discover now