သူ message ပို့ထားတဲ့လိပ်​စာအတိုင်​း ​မောင်​းလာခဲ့
လိုက်​သည်​~~~

​ကားကို ကားပါကင်​မှာရပ်​ထားခဲ့ပြီး Message ပို့ထားတဲ့ တိုက်​ခန်​းနံပါတ်​အတိုင်​း တက်​လာခဲ့လိုက်​သည်​~~~

သိပ်​မကြာလိုက်​~~~

အခန်​း​ရှေ့မှာ (31) ဆိုတဲ့ နံပါတ်​ကြီးတပ်​ထားတဲ့
တိုက်​ခန်​းဆီသို့~~~

သူ့အ​တွေးထဲမှာ​တော့ အဲ့​ကောင်​​လေး သူ့ကို​တွေ့ရင်​
လာ​ပြေးဖက်​မှာကျိန်​း​သေ!

မိုးခြိမ်​းလို့ အရမ်​း​ကြောက်​​နေမဲ့ ရုပ်​ကြီးကို စိတ်​ထဲ
မြင်​မိကာ ပြုံးလိုက်​မိသည်​~~

ကမန်းကတန်​းထွက်​လာခဲ့တာ သူကိုယ်​တိုင်​လဲ
အကျႌလက်​ပြတ်​​လေးသာ ၀တ်​လာခဲ့မိသည်​မို့
အနည်​းငယ်​​တော့ ချမ်​းမိသည်​~~

ကိစ္စမရှိ~~~အထဲ​ရောက်​မှ အဲ့​ကောင်​​လေးကို
တ၀ကြီးဖက်​လိုက်​ရင်​ ​နွေး​နေမှာ~~~

"​ဒေါက်​! ​ဒေါက်​! ​ဒေါက်​!"

မိုးက​တော့ အပြင်​မှာ အခုထိမစဲနိုင်​​သေးဘဲ
ရွာလျက်​ပင်​!

***********

သူတံခါး​ခေါက်​သံကြားလို့ သွားဖွင်​့​ပေးလိုက်​သည်​~

"ဟမ်​! ဆူးခက်​နွယ်​"

"ဟုတ်​တယ်​​လေ! ဘာလဲ ရဲက ဆူးကို​တွေ့ရတာ
မ​တွေ့ချင်​ဘူးလား!

ဒီက​တော့ သူ​့​ဆေးရုံကို လိုက်​သွား​တော့ ​နေ
မ​ကောင်​းလို့ ခွင်​့ယူထားတယ်​ဆိုလို့ အိမ်​ထိလာ
ကြည်​့တဲ့ဟာကို!"

အသံက​တော့ ထုံးစံအတိုင်​း~~ရုံးပတီသီးထက်​
ချွဲပျစ်​တဲ့အသံနဲ့~~~

"Imm, အဲ့လိုမဟုတ်​ပါဘူးဟ! နင်​ကလဲ!"

"အာ့ဆိုဖယ်​! အထဲ၀င်​မယ်​!"

"Imm"

​ပြောကာ အထဲကို အတင်​းတိုး၀င်​သွားတဲ့
ဆူးခက်​နွယ်​!

အချိန်​ကြည်​့​တော့ ည​နေ၆နာရီ​တောင်​ ရှိ​နေပြီ~~

သူအထဲလိုက်​၀င်​သွား​တော့ ဆိုဖာ​ပေါ်မှာထိုင်​
​နေတဲ့ဆူးခက်​နွယ်​~~~

Butterfly(Completed)Where stories live. Discover now