ZawGyi
______လျှို့ရှင်းယွဲ့အကြောင်း ဆွေးနွေးသံတွေက အဆောင်ခန်းထဲတွင်ဆူဆူညံညံပျံ့လွင့်နေဆဲ။ သို့သော် လင်ဟိုင်အနေနှင့် ထိုအတင်းအဖျင်းများကိုစိတ်မဝင်စားနိုင်ချေ။
# [လနန်းဆောင်မှနတ်သမီး သီချင်း] ကို သင်ယူချင်ပါသလား။ #
လင်ဟိုင် # သင်ယူမည် # ကို နှိပ်လိုက်ပါတယ်။
ထိုခဏချင်းမှာပဲ လင်ဟိုင်သူ့လက်ထဲက [လနန်းဆောင်မှနတ်သမီး သီချင်း] စာအုပ်က ပျောက်ချင်းမလှပျောက်ဆုံးသွားတာကို တွေ့လိုက်ရတယ်။ လက်ထဲကစာအုပ်ပျောက်ဆုံးသွားသည်နှင့် တပြိုင်နက် ထူးဆန်းတဲ့အသံထွက်တွေနဲ့စကားလုံးများဟာ သူ့ခေါင်းထဲ တရိပ်ရိပ်နဲ့ပေါ်ပေါက်လာခဲ့လေသည်။။ သူမွေးကတည်းက ဒီထူးဆန်းတဲ့စကားလုံးတွေကိုကျွမ်းကျွမ်းကျင်ကျင်၊ ပိုင်ပိုင်နိုင်နိုင် ပြောဆိုနိုင်သလိုမျိုး လင်ဟိုင်ခံစားလိုက်ရသည်။
" လင်ဟိုင်။ မင်းအဲ့ဒီမှာ ဘာကိစ္စ အူကြောင်ကြောင်ရပ်နေတာလဲ။ လျို့လျန်က ငါတို့ကို bar ဆီခေါ်သွားပေးမယ်တဲ့။ မြန်မြန်လုပ် ဟေ့ကောင်။"
လျို့လျန်က တကယ့်ကို ချမ်းသာတဲ့မိသားစုရဲ့ ဒုတိယမျိုးဆက်။ သို့ပေမည့် လျို့လျန်အနေဖြင့် သာမန်ချမ်းသာသည့် သူဌေးသားများလို ဆောင့်ကြွားဆောင့်ကြွားမာနကြီးမနေတတ်ချေ။ ထို့ကြောင့်လည်း လျို့လျန်အကြောင်းကို အဆောင်မှ အဆောင်သားအနည်းငယ်သာ တီးမိခေါက်မိရှိလေသည်။
ယခုလည်း လျှို့ရှင်းယွဲ့အကြောင်း ဆွေးနွေးမှုမှ အားလုံး၏စိတ်ဝင်စားမှုမှာအထွတ်အထိပ်သို့ရောက်လာလေရာ လျို့လျန်အနေဖြင့် အားလုံးကို လျှို့ရှင်းယွဲ့အလုပ်လုပ်နေသည်ဆိုသည့် bar ကို ခေါ်သွားရန် ဆုံးဖြတ်လိုက်ရခြင်းဖြစ်သည်။ ဘာတွေဖြစ်နေလဲဆိုတာ လျို့လျန်အနေဖြင့်လည်း သိချင်သောကြောင့်လည်းဖြစ်လေသည်။ လျို့လျန်ရဲ့ ဆုံးဖြတ်ချက်က အဆောင်ခန်းထဲ အားရဝမ်းသာဟစ်ကြွေးသံတွေနှင့်ပြည့်နှက်သွားစေလေသည်။
Candy Bar သို့သွားနေသည့် လမ်းတစ်လျှောက်လုံး လင်ဟိုင်အနေနှင့် ကမ္ဘာကြီးတစ်ခုလုံးကမောက်ကမဖြစ်နေသလို ခံစားနေရသည်။ အခု သူတွေ့ကြုံလိုက်ရသည်က မယုံနိုင်စရာကောင်းလောက်အောင် ဆန်းကြယ်လွန်းလှသည်။

YOU ARE READING
ငါ့ရဲ့ We Chat က သုံးလောကနဲ့ဆက်နွယ်နေတယ် !! (Slow Update)
Fantasyလင်ဟိုင်ဟာ သာမာန်ကျောင်းသားလေးတစ်ယောက်ပါပဲ။ ဒါပေမယ့် တကယ့်ကို ဒဏ္ဍာရီလာမသေမျိုးအမတတွေဖြစ်တဲ့ မျောက်မင်း၊ အရှေ့နဂါးဘုရင်နဲ့ အာ့လန်ရှန်း တို့ပါဝင်တဲ့ we chat group တစ်ခုထဲကို မတော်တဆ ဖိတ်ခေါ်ခံခဲ့ရပါတယ်။ အဲ့ဒီနေ့ကစပြီးတော့ သူ့ဘဝဟာ လုံးဝကို တစ်ဆစ်ချို...