အပိုင်း (၁) : ဒီဟာသအဖွဲ့ကလူတွေက တကယ်ပဲနတ်ဘုရားတွေလား?

764 61 3
                                        

ZawGyi
______

ကျန်းနန်တက္ကသိုလ် မိန်းကလေးဆောင်ရှေ့တွင်

" ငါတို့ လမ်းခွဲရအောင်။"

အေးစက်စက်အမူအယာနှင့် ခံစားချက်မရှိစွာပြောလာသည့် ဝမ်ထင်း။ သူမ၏မျက်နှာချင်းဆိုင်တွင် ရှုပ်ထွေးစွာ ရပ်နေသည့် လင်ဟိုင်။ အတန်ကြာမှ လင်ဟိုင် အားတင်းကာ ပြုံးပြလိုက်ပြီး

" ထင်းထင်း၊ မင်းဘာတွေပြောနေတာလဲ။ "

" နင့်လိုကောင်မျိုးနဲ့ ဘယ်သူက အတူရှိနေနိုင်မှာလဲ။ ဟုတ်ပြီ။ အမှန်အတိုင်းပြောရရင် ငါနင်နဲ့တွဲတယ်ဆိုတာ ဘယ်လောက်ပဲဖြစ်ဖြစ် ငါသုံးလို့ရတဲ့ ထမင်းစားလက်မှတ်လိုလူမျိုးမို့လို့ပဲ။ ဒါပေမယ့်နင်က ထမင်းစားလက်မှတ်ဖြစ်ဖို့တောင် အရည်အချင်းမရှိဘူးဆိုတော့။ ဟက်.... အစထဲက ငါတကယ်မျက်လုံးကန်းနေခဲ့တာများလား။"

" ထင်းထင်း၊ ဒီဟာသက မရယ်ရဘူးနော်။ "

"တော်လောက်ပြီ။ "

ဝမ်ထင်းရဲ့ ခပ်ဆတ်ဆတ်ပြောသံနှင့်အတူ လင်ဟိုင်ရဲ့ ပြောလက်စ စကားတွေဟာ ရပ်တန့်သွားခဲ့ရတယ်။

" ငါ့ရဲ့ ငယ်ရွယ်တဲ့အချိန်တွေကို နင့်လို ဆင်းဆင်းရဲရဲတောသားနဲ့အတူ အကုန်မခံနိုင်ဘူး။ "

" မင်း ငါ့ကို စိတ်အနှောင့်အယှက်ပေးမနေပဲ ထွက်သွားလိုက်တော့။ "

လင်ဟိုင်ရဲ့စကားအဆုံး တစ်ချက်လေးမှလှည့်မကြည့်ပဲ ထွက်ခွာသွားတဲ့ ဝမ်ထင်းရဲ့နောက်ကျောကိုကြည့်ရင်း လင်ဟိုင်နှလုံးသားတွေဟာ တင်းကြပ်နေခဲ့တယ်။
အဆောင်ပြန်ရောက်တဲ့အခါ အခန်းထဲကလူတွေဟာ သူနဲ့အကြည့်ချင်းမဆုံအောင် ရှောင်တိမ်းနေကြတာကို လင်ဟိုင်သတိထားမိလေသည်။

ဟက်.... ငါ့အခန်းမှာရှိတဲ့ အခန်းဖော်လက်တစ်ဆုပ်စာကတောင် ငါ့ရဲ့ဖြစ်တည်မှုကို ဂရုမစိုက်ကြပါလား။ လင်ဟိုင် သက်ပြင်းမောတစ်ခုကိုချလိုက်မိတယ်။ အိပ်ယာပေါ်မှာလှဲချလိုက်ရင်း မှုံမှိုင်းတဲ့မျက်လုံးအစုံနဲ့ မျက်နှာကျက်ကိုသာ စိုက်ကြည့်နေမိသည်။

တင်းတောင်!

We Chat မှ notification အသံတစ်ခု။

လင်ဟိုင် သူ့ဖုန်းကိုကောက်ယူပြီး ဖုန်း screen ကိုကြည့်တဲ့အခါ

ငါ့ရဲ့ We Chat က သုံးလောကနဲ့ဆက်နွယ်နေတယ် !!  (Slow Update) Where stories live. Discover now