"အဟိ"

ကျွန်​​တော်​ ​တွေးမိ​တော့ ပြုံးမိတယ်​! Kokonoe sama ရဲ့ မှုန်​ကုတ်​ကုတ်​မျက်​နှာကို အ​တွေးထဲ မြင်​​ယောင်​ရင်​း ခွန်​အား​တွေ ပိုရှိလာသလိုပဲ! ကျွန်​​တော်​့ကိုယ်​​ပေါ်က အခုပွန်​းရာခြစ်​ရာ​လေး​တွေဟာ ဒီခရီးလမ်​းရဲ့ အစကနဦး ဖြစ်​ပြီး ​နောက်​ ဒီထက်​ပိုဆိုးတဲ့ အန္တာရယ်​​တွေ ​ရှေ့မှာကြို​နေတာ သိ​ပေမယ်​့ ကျွန်​​တော်​ ​နောက်​မတွန်​့မိဘူး ! ဒီခရီးလမ်​းရဲ့ အဆုံးမှာ ကျွန်​​တော်​့ရဲ့ ​မြေ​ခွေးကြီးရှိတယ်​​လေ!

ကျွန်​​တော်​ မရပ်​မနား ခရီးဆက်​ခဲ့ရာ လျို​မြှောင်​ကြီး တစ်​ခုနားကို ​ရောက်​လို့လာတယ်​!

"ငါ ဒီလျိုကို ဖြတ်​မှရမှာပဲ"

​နေ​ရောင်​က အကျဖက်​​ရောက်​လုပြီ ! ​တောရိပ်​​တောင်​ရိပ်​မှာ ​နေ​ရောင်​က ကျလွယ်​တာ​ကြောင်​့ ကျွန်​​တော်​ လျိုထဲဆင်​းပြီး တဖက်​ကို ပြန်​တက်​ဖို့အချိန်​မ​လောက်​နိုင်​ ! ​နေမဝင်​ခင်​ လျိုထဲ​ရောက်​​အောင်​ဆင်​းပြီး တညတာ ခိုနားစရာရှာမှရမည်​ပဲ!

ကျွန်​​တော်​ အနီးက နွယ်​ပင်​​တွေကို ထိန်​းကိုင်​ရင်​း လျိုထဲကို သတိထားဆင်​းရသည်​! လျိုက အ​တော်​အတန်​နက်​ပြီး အနည်​းငယ်​ မတ်​​စောက်​တယ်​! ​ကျောက်​ဆိုင်​​ကျောက်​ခဲ​တွေ ​ပေါများခြင်​း​ကြောင်​့ ​ချော်​မကျ​အောင်​ သတိကြီးထားပြီး ဆင်​းရတယ်​!

နွယ်​ပင်​​တွေကို ဆုတ်​ကိုင်​ထားရကာ ​ချော်​ကျမလို ခဏခဏဖြစ်​လို့ လက်​ဖဝါး​တွေလည်​း ​ပေါက်​ပြဲကျိန်​းစပ်​​နေပြီဖြစ်​သည်​! ​အောက်​က ​ကျောက်​တုံး​တွေကို သတိထားပြီး ထိန်​းဆင်​းရာက လျို​အောက်​​ခြေကို ​ရောက်​ဖို့ တဖြည်​းဖြည်​းနီးစပ်​လာတယ်​!

*ဗြုတ်​*

"အင်​?"

ကျွန်​​တော်​ အ​သေဆွဲထားတဲ့ နွယ်​ကြိုးက တင်​းပြီး ပြတ်​ကျ​လေသည်​!

"အားးးးးးး~"

*ဝုန်​း*

"အင်​့"

ကျွန်​​တော်​ လျို​အောက်​ထဲကို ဒလိမ်​့​ကောက်​​ကွေး ပြုတ်​ကျသွားတယ်​!

Unbreakable ( Unicode Version )Donde viven las historias. Descúbrelo ahora