အပိုင်း ၁

36.7K 1K 14
                                    

Unicode

မှောင်မိုက်နေတဲ့ ပတ်၀န်းကျင်တခုလုံးကို ဟိုကြည့်ဒီကြည့်ကြည့်လိုက်ပေမဲ့ သူမဘယ်ရောက်နေမှန်းကိုယ့်ကိုယ်ကိုယ်မသိပါ...
အနောက်က အသံပေါင်းစုံအော်ဟစ်ကာပြေးလိုက်လာတဲ့ လူတစုကြောင့် ခြေလှမ်းတွေကိုမရပ်ပစ်ရဲ...
ခြေဦးတည့်ရာကိုသာစွတ်ပြေးနေမိသည်...

ကိုယ့်အဖြစ်က ရယ်စရာလား? ငိုစရာလား မသဲကွဲ...
ကိုယ့်ဖာသာကိုယ် အရမ်းမွန်းကျပ်လွန်းတာကြောင့် လက်ရှိပတ်ဝန်းကျင်မှ ခနတာလေးထွက်ပြေးဖို့ကြံစည်မိကာမှ အမှန်တကယ်ကိုထွက်ပြေးနေရတဲ့အဖြစ်...
တွေ့သမျှကားလမ်းမအတိုင်း ကားလျှောက်မောင်းလာရင်း လမ်းဘေးခနရပ်ကာ လမ်းလျှောက်ပြီး ဆေးလိပ်သောက်မလို့ကြံနေတုန်း ရုတ်တရက်ကြီး ကိုယ့်ဘေးက ဖြတ်သွားတဲ့ဆိုင်ကယ်တစီး...
ပြီးတော့ ခနအကြာ နောက်ကလိုက်လာတဲ့ လူအုပ်ကြီး...

အဲ့မှာ အဲ့မှာ ဖမ်းထားမလွတ်စေနဲ့... စတဲ့ အသံတွေကိုအကြား ကိုယ့်ကိုပြောနေတယ်လို့မထင်...
ဘေးပတ်၀န်းကျင်ကိုကြည့်တော့လည်း ကိုယ်ကလွဲလို့ ဘယ်သူမှမရှိ...
ဒီတော့ ဘုမသိဘမသိ ခြေဦးတည့်ရာပြေးရသည်ပေါ့...

'ဟိတ် ...ရပ်စမ်း'
'မပြေးနဲ့ ...ကောင်မ'
အော်သံစူးစူးရှရှ တို့က ပတ်ဝန်းကျင်မှာ ဟိန်းထွက်နေသည်...
မပြေးနဲ့ဆိုတိုင်းမပြေးစရာလား? မိသွားရင်ဘာလုပ်မလဲမပြောနိူင်...
ကိုယ့်ပတ်၀န်းကျင်မဟုတ် ဘာမဟုတ်နဲ့...

နေ့တိုင်းအားကစားပုံမှန်လုပ်တဲ့အကျိုးတွေပါပဲ...
ခုထိမမိသေးပေမဲ့ ကြာရင်မိသွားနိူင်တာကြောင့် တနေရာရာမှာပုန်းခိုဖို့စဉ်းစားရင်း ပုန်းစရာနေရာရှာရသည်...

မီးတွေထိန်လင်းနေအောင်ထွန်းထားကာ သီချင်းသံပျံ့လွင့်နေတဲ့ ခြံကျယ်ကြီးတခုထဲ ဘာမှမစဉ်းစားပဲ ပြေး၀င်လိုက်သည်...
ဧည့်ခံပွဲလား ဘာလားတော့မသိ စီစီရီရီရပ်ထားတဲ့ ကားအချို့ကိုလည်းတွေ့ရတာမို့ ထိုကားတွေကြား‌၀င်ပုန်းလိုက်သည်
ကုန်းကုန်းကွကွနှင့် ဟိုလူတွေလိုက်လာလားချောင်းနေတုန်း...

'ကြည့်စမ်း...နင်ဒီမှာ ဘာလုပ်နေတာတုန်း အထဲမ၀င်ဘဲနဲ့....
လာနေပြီဆိုပြီးရောက်မလာလို့ငါတောင်စိတ်ပူနေတာ..လာသွားမယ်'

Accidental LoveWhere stories live. Discover now