အခန်း ၂ဝ (ဝတ်ရုံနီ)

19.1K 2.9K 34
                                    

Unicode

အခန်း ၂၀
ဝတ်ရုံနီ

မိုးနတ်မင်းကြီးသည်ကား တုံ့ထင်စည်းဝေးပွဲသို့ တက်ရောက်လာကြသော သိုင်းလောကတစ်ခွင်ရှိသူရဲကောင်းအသီးသီးအား မျက်နှာသာပေးလိုခြင်းအလျဉ်းမရှိသည့်သဘောကိုဆောင်နေသည်။ ဤတစ်နေ့လုံး ရာသီဥတုမှာအုံ့ဆိုင်းမှိုင်းညှို့နေလျက်ရှိပြီး မိုးစက်မိုးပေါက်များမှာ လေထုထဲတွင်ဖိနှိပ်ထိန်းချုပ်ခံထားရသည့်နှယ်၊ အချိန်မရွေး သည်းသည်းထန်ထန် ရွာသွန်းဖြိုးတော့မည့်အလား။ အငွေ့ပျံလာသော ရေခိုးရေငွေ့များမှာ လူအများ၏မျက်နှာထက်သို့လာရောက်ရိုက်ခတ်နေကြပြီး မဆိုစလောက်အေးစိမ့်မှုကိုဆောင်ကြဉ်းနေသည်။ ထို့အတူ ပင်ယံထက်ရှိသစ်ရွက်များမှာလည်း ကျိုးတိုးကျဲတဲဖြစ်ကုန်ကြလေပြီ။

ထိုကဲ့သို့သောအချိန်အခါ၌ မည်သည့်နေရာတွင်တည်ရှိမှန်းမသိပါသော မွေးရပ်မြေဟောင်းကိုတမ်းတလွမ်းဆွတ်စိတ်ဖြင့် စိတ်နှလုံးနာကျင်ညှိုးနွမ်းနေသူတစ်ယောက်ရှိနေရှာသည်။ နှစ်ပေါင်းသုံးဆယ် ဟူသည့်အချိန်ကာလသည်ကား သူ့အတွက်တော့ အိပ်မက်ရှည်ကြီးတစ်ခုမက်လိုက်ရသည့်နှယ်။

ကောင်းချုံက ရှောင်လင်ကျောင်း၏ ကျောင်းထိုင်ဆရာတော် ချီမုအား စည်းဝေးပွဲ၏ဥက္ကဋ္ဌနေရာကို လွှဲပြောင်းပေးအပ်ကာ သူကိုယ်တိုင်ကမူ ဒုတိယဥက္ကဋ္ဌအဖြစ်တာဝန်ယူထားသည်။ လူအုပ်ကြားတွင် ကျုံ့ကျုံ့လေးနေလျက်ရှိသော ကျိုးကျစ်ရှူးမှာ အနားရှိလူငယ်လေးတစ်ဦးထံမှ ရုတ်တရက် ခပ်တိုးတိုးရေရွတ်သက်ပြင်းချသံတစ်ခုကို ကြားလိုက်ရလေသည်။

"ငါလဲ တစ်နေ့ သူ့လိုလူတစ်ယောက်ဖြစ်စေရမယ်" ဟူ၍။

အနောက်ပိုင်းချူပြည်နယ်၏ သက်ဦးဆံပိုင်ရှင်ဘုရင်တစ်ပါးဖြစ်ခဲ့ဖူးသူ 'ရှန့်ယွီ' သည် မင်းဧကရာဇ် 'ရှီ' ၏ ကြီးကျယ်ခမ်းနားထည်ဝါလှပါသော မင်းခမ်းမင်းနားအဆောင်အယောင်အခြွေအရံတို့ဖြင့် အရပ်တကာတိုင်းခန်းလှည့်လည်ပွဲကိုမြင်တွေ့သောအခါ 'ငါလဲ သူ့လောက်တော့ လုပ်နိုင်သားပဲ' ဟူ၍ပြောဆိုခဲ့ဖူးသည်။

ကွမ်းဝူပြည်ထောင်စု၏ ရေမြေ့အရှင်သခင်ဖြစ်သူ 'လျှိုရှို့' မှာလည်း ငယ်ရွယ်စဉ်နှစ်ကာလများ၌ ရူးနှမ်းမိုက်မဲစွာ၊ နှမြောတသဖြစ်စွာ ဤကဲ့သို့ရေရွတ်မြည်တမ်းခဲ့ဖူးလေသည်။

လေလွင့်ခရီးသည်Where stories live. Discover now