Chapter (2)

24.9K 2K 29
                                                  

ရိပေါ် နဲ့ ရှောင်းကျန့် ရဲ့ အဆီအလျော်လုံးဝမတည့်မှုကြောင့်
စေ့စပ်ပွဲ ကနေ မင်္ဂလာပွဲကို ခုန်ကျော်သွားတယ် ။

အခန်းထဲမှာ မိတ်ကပ်ပြင်နေရတဲ့ ရှောင်းကျန့် ။

ရိပေါ် က ရှောင်းကျန့် မိတ်ကပ် ပြင်တဲ့နေရာအနား လာရပ်ပြီး
ရှောင်းကျန့် ကို ကြည့်နေတယ် ။

အဖြူရောင် suit အပြည့်နဲ့ ရိပေါ် ဟာ ဝန်မခံချင်သော်ငြား
ချောနေတာတော့အမှန်ပင် ။

အဖြူရောင် suit အပြည့်နဲ့ ရိပေါ် ဟာ ဝန်မခံချင်သော်ငြားချောနေတာတော့အမှန်ပင် ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


"မိတ်ကပ်သေချာလိမ်းပေးလိုက်ပါ"

ဪ...ငါ့ကို စိတ်ပူတတ်သား ။

ရှောင်းကျန့် ရဲ့ ပျော်မြူးနေတဲ့ စိတ်အစုံဟာ ရိပေါ် ရဲ့ နောက်ဆက်တွဲ စကားကြောင့် ခွမ်းကနဲ ကျကွဲသွားတယ် ။

"အသက်ကြီးတော့ အရေးကြောင်းထင်နေမှာ"

ချီး!!! ဝမ်ရိပေါ် ။

ရှောင်းကျန့် စိတ်တိုနေပေမယ့် ရိပေါ်ကို ဘာမှပြန်မပြောဘူး။

ဘာလို့လဲဆိုတော့ ပါးစပ်ကို တိပ်ကပ်ထားကြလို့လေ!!!
ချီး!!! ဟိုကောင့်ကျ ဘာမှမလုပ်ဘူး ။

ရိပေါ် ၊ ရှောင်းကျန့် ပါးစပ်မှာကပ်ခံထားရတဲ့ တိပ်ကိုခွာပေးလိုက်တယ် ။

နှုတ်ခမ်းလေးတွေ နီရဲသွားတာများ ။

"သွားမယ် ၊ ကျန့်ကော "

လက်တစ်ဖက်ကို ချိတ်ကိုင်ရန် ထိုးပေးလာတဲ့ ရိပေါ် ။

ရှောင်းကျန့် စူပုပ်ပုပ်နဲ့ ရိပေါ် လက်ကိုလှမ်းချိတ်လိုက်တယ် ။

နေစမ်းပါဦး..ဘာလို့ ငါက သတို့သမီးလို သူ့လက်ကိုချိတ်ကိုင်နေရတာတုန်း!!

ရှောင်းကျန့် ၊ ရိပေါ် အနားကပ်ပြီး...

"မင်း...သတို့သမီးနေရာမှာနေ"

My Ex is My husband ( Completed) Where stories live. Discover now