Fang Wen Jianဟာ ပြုံးရုံတမယ် ပြုံးလိုက်ပြီး
"လက်ယာအမတ်ကြီးရဲ့ သား Fang Wen Jian ပါ ကျေးဇူးပြုပြီး အထီးကျန်ကြာ ဆိုတဲ့ သီချင်းလေးကို နားစင်ပေးကျပါ"
သူဟာ လျှိချင်းကို စတင် တီးခတ်လိုက်တော့သည်၊ ဒါဟာ လူအားလုံးကို ရှော့ဖြစ်သွားစေတယ်၊ သူရဲ့ အသံဟာ အရမ်းကို ချိုသာယာပြီး အေးချမ်းတယ် ဒါအပြင်က တီးခတ်လိုက်တိုင်း သူရဲ့လက်ကောက်ဝတ်နားမှာ ရှိတဲ့ ကျူးရှားရစ်ဟာ ထင်းခနဲ ထင်းခနဲ ဒါဝါ အမျိုးသားလေးများရဲ့ စိတ်ကို ပိုမို လိုချင်တပ်မက်စိတ်ပေါက်စေသည်၊ Fang Wen Jian ဟာ သီချင်းတပုဒ်စတင် သီဆိုလိုက်တော့သည်၊
နေထွက်လိုက် နေဝင်လိုက် အချိန်တွင်ဟာ ကုန်ဆုံးသွားလည်း
ကြာပန်းလေးဟာ အထီးကျန်နေဆဲ......
အချိန် နဲ့ ဒီရေ သည် လူကို မစောင့်လည်း
ကြာပန်းလေးဟာ သူရဲ့ ချစ်ရသူကို မျှော်လင့်နေဆဲ
လှပတဲ့ ကောင်းကင်ပြာကြီးရဲ့ အောက်မှာ
ကြာပန်းလေးဟာ အလွန်အထီးကျန်နေပြီ...
ဘယ်သူဟာ... ကြာပန်းလေးရဲ့ အထီးကျန်မှုကို နားလည်နိုင်မလဲ...
လရောင်အောက်မှာ လှပစွာ ပွင့်လန်းနေလည်း.....
ဘယ်သူက အလေးထားပြီး လာရောက် ကြည့်ရှုမလဲ
ဒီအေးစက်နေတဲ့ ရေကန်ကြီးထဲမှာ...
ကြာပန်းလေးဟာ အထီးကျန်စွာ နောက်ဆုံးထိ.....
သူရဲ့အဖော်ကို မျှော်လင့်ရင်း......ကြွေလွင့် ပျက်စီးသွားခဲ့ပြီ
အကုန်လုံး ထို ဝမ်းနည်းကြွေကွဲစရာကောင်းတဲ့အသံလေးနဲ့တေးဂီတသံကြောင့် သူတို့ပင် ထို ကြာပန်းလေးနေရာ ဝင်ရောက်ခံစားတာ အထီးကျန်မှုကိုပင် ထပ်တူ ခံစားနေရသည်၊ ဒါဟာ အလွန် ဝမ်းနည်းစရာ ကောင်းပြီး ရင်ဘက်ထဲတွင် ပိုမို နာကျင်မိသည်၊
စင်ပေါ်ရှိ အလှလေးရဲ့ မျက်လုံးဖျားနားတွင် မျက်ရည်လေးများ ဝှေ့နေပြီး
သီချင်းကို ဝမ်းနည်းစွာ သီဆိုနေပြီး သူရဲ့ ကြွေထည်လို လှပတဲ့ လက်ချောင်းလေးများသည် လျှိုချင်းပေါ်တွင် ကျွမ်းကျင်စွာ အပြေးအလွားတီးခတ်နေသည်၊ အမျိုးသားတွေရဲ့ စိတ်ထဲမှာ ထိုကောင်လေးကို သွားရောက် နှစ်သိမ့်ချင်ပြီး သီချင်းထဲရှိ ကြာပန်းလေး မျှော်လင့်နေတဲ့သူကို သတ်ဖြတ်ချင်စိတ်ပင် ပေါက်ကုန်ပြီ'ဘယ်လိုကောင်က ဒီလိုလှပတဲ့ ကြာပန်းလေးကို ထားခဲ့တာလဲ'
YOU ARE READING
Zhao Wen Xuan(System)
RomanceMain Title - တံခါးများရဲ့နောက်ကွယ်က ဘဝများ Title: Zhao Wen Xuan Author: Neko san(Daddy) Types: System,Boy love Started date:.13.10.2019 End date: ????? Zhao Wen Xuan:sky မင်းသိသင့်တယ် ငါက ယောကျာ်းစစ်တယ်ဆိုတာ.. [Sky:ကျွန်တော်ရဲ့တွဲဖက်ဟာ Gayတစ်ယောက်ပဲ...
Arc2.5(Fang Wen Jian)
Start from the beginning
