" အကယ်​၍ ~ ငါထွက်​သွားခဲ့ရင်​​ရော ~ "

" ဖြစ်​လာမှာမဟုတ်​ဘူးလို့ငါ​ပြောမယ်​ဆိုရင်​​ရော "

" ........."

မည်​သည့်​ကိစ္စအ​ကြောင်းများ​ကြောင့်​လည်းမသိ​ပေမယ့်​ အမြဲတမ်းလိုလိုအားငယ်​​နေတတ်​သည့်​ Taehyung ကို Jimin အားမရပါ။
အကယ်​၍ Taehyung ​နေရာမှာ Jimin သာဆိုရင်​ဖြင့်​ စာ​တွေကို​တောင်​အ​ကြောင်းအမျိုးမျိုးပြ၍ကြိုးကြိုးစားစားမသင်​ပဲ စိတ်​လွတ်​ကိုယ်​လွတ်​​တောင်​​နေလိုက်​ဦးမည်​။ ကံကြမ္မာကဒိလိုဖြစ်​​အောင်​ဖန်​တီး​ပေးထားတာပဲ။ အခွင့်​အ​ရေးယူတတ်​ရင်​နည်းတဲ့စ​ကေးလား။

" အပြင်​မှာ​တောင်​နည်းနည်း​မှောင်​​နေပြီ Jiminie ~ "

"......"

ရှောင်​လွှဲမရနိုင်​သည့်​ကိစ္စအ​ကြောင်း​ပြောမိ​တော့ Taehyung ကသူ့ကိုစကားလမ်း​ကြောင်းလွှဲသွားပါသည်​။ Jimin Taehyung လိုသူငယ်​ချင်းမျိုးကိုဘယ်​နည်းနဲ့မှအဆုံးရှုံးမခံနိုင်​သလို တစ်​စုံတစ်​​ယောက်​​ကြောင့်​​ဖြေသိမ့်​လို့မရနိုင်​တဲ့ပြသနာ​တွေရှိလာပါကလည်း ​နောက်​ဆက်​တွဲ​တွေက ရာ​ထောင်​ချီ​နေတဲ့အတွက်​ မည်​သူမှန်းမသိသည့်​ထိုတစ်​စုံတစ်​​ယောက်​အား Jimin သက်​ဆုံးတိုင်​ခွင့်​လွှတ်​​ပေးမည်​မဟုတ်​။
ထို တစ်​စုံတစ်​ယောက်​ဆိုသည့်​နာမ်​စားလည်းရှိလာ​အောင်​ Jimin ခွင့်​ပြုမည်​မဟုတ်​။

Taehyung ယခုအသက်​အရွယ်​အထိ​နေပုံထိုင်​ပုံသည်​စနစ်​ကျသည်​လို့ Jimin မြင်​မိသည်​။ အကယ်​၍သာ Taehyung ယခုလိုပုံစံကိုထိန်းသိမ်းနိုင်​မည်​ဆိုလျှင်​ ​သေချာ​ပေါက်​ သက်​ဆုံးတိုင်​ သူ​ပျော်​​ပျော်​ရွှင်​ရွှင်​​နေထိုင်​သွားနိုင်​မည်​ဖြစ်​သည်​။

တစ်​ချက်​က​လေးမှားလိုက်​သည်​နှင့်​ ​နောက်​ဆက်​တွဲ​တွေက ရင်​နာစရာမို့ နုနယ်​သည့်​ Taehyung ကိုအကုန်​လုံးကပိုး​မွေးသလို​မွေးထားရန်​လိုအပ်​သည်​။

" Jiminie ~ ​ဆောင်းတွင်းဘက်​​ရောက်​​တော့နည်းနည်းချမ်း___"

" Jungkook ကိုအခုထက်​ထိအသိမ​ပေး​သေးဘူးလား Tae Tae "

"......."

Spring Day || KV [Completed] Where stories live. Discover now