ရည်းစားစကားပြောတာက Roမဆန်ပေမယ့် အနမ်းတွေကိုတော့ လှလှပပပုံဖော်ခဲ့ကြလေသည်

"ကိုယ်မင်းကိုအရမ်းချစ်တယ် မင်းကိုဘယ်လိုမှအဆုံးရှုံးမခံနိုင်ဘူး မင်းအတွက်အရာရာ ကိုယ်ဖြစ်ပေးပါ့မယ်

မင်းအတွက်သူငယ်ချင်း ညီအစ်ကို မိဘ ချစ်သူ တိုင်ပင်ဖော်တိုင်ပင်ဖက် မင်းအတွက်အရာရာ
မင်းအတွက်အရာရာပြည့်စုံနေအောင် ကိုယ်ဖြည့်စည်းပေးပါ့မယ် မင်းအတွက်လိုအပ်နေတဲ့ ဂရုစိုက်မှုတွေ မေတ္တာတွေ အရာရာကို ကိုယ်ပေးပါ့မယ်"

"ကျွန်တော် အရမ်းချစ်တယ် ကျွန်တော်တကယ်ပျော်တယ်သိလား"

ရှင်းချန်လည်း ရွှယ်ယမ်ကို ရင်ခွင်ထဲဆွဲသွင်းလိုက်သည်
"လာ ကိုယ်တို့ ရှီးချန်တို့ဆီသွားရအောင် သူတို့၂ယောက် ဒီမှာ လာdateနေတယ် ကိုယ်တို့သွားကြွားရအောင် ပြီးရင် ရှောင်းကျန့်တို့ကိုလည်း ခေါ်လိုက်မယ်"

ရှင်းချန်တို့လည်း ရှီးချန်တို့ကိုအကုန်ပြောပြလိုက်သည်
ရှီးချန်တို့လည်းရယ်နေတာ အတောမသတ်တော့
"မင်းတို့၂ယောက်ကတော့ ဖြစ်ရမယ်ကွာ"

ခဏကြာတော့ ရွှယ်ယမ်နဲ့ကျန်းချန်က ခေါင်းချင်းဆိုင်ပြီး စကားပြောနေလေသည်
"ဟိုကလေး၂ယောက် ဘာတွေတိုးတိုးပြောနေတာလဲ"

"ကော ဟိုဟာလေ"

"ပြောလေ ကလေးရဲ့ ဘာပြောမှာလဲ"

"ရှောင်းကျန့်ကောကလေ ဘယ်သူ့ကိုချစ်နေတာလဲ ကောသိလား"

"ဘာလို့သိချင်တာလဲ ကလေးရဲ့"

"ဟို ရိပေါ်ကလေ ရှောင်းကျန့်ကောကို ချစ်နေတာ ဒါပေမဲ့ ဖွင့်ပြောလိုက်ရင် ရှောင်းကျန့်ကောက သူ့ကိုမုန်းသွားမှာစိုးလို့တဲ့"

"တကယ်လား ကလေးပြောတာ ဟား ဝမ်းသာစရာကွာ ရှောင်းကျန့်ကလည်း ရိပေါ်ကိုချစ်နေတာ ကလေးရဲ့
သူလည်းဖွင့်ပြောလိုက်လို့ ရိပေါ်စိတ်ဆိုးမှာစိုးနေတာ"
တောက်လျှောက်ငြိမ်နေတဲ့ ရွှယ်ယမ်က
"ငါတို့တွေ ပေါင်းပြီး သူတို့အချစ်တွေ ပွင့်ထွက်လာအောင် လုပ်လို့ရတာပဲ
ခုရှောင်းကျန့်ကောနဲ့ရိပေါ်ကိုမခေါ်နဲ့တော့ စစ်ကျွေးကိုပဲခေါ်လိုက်မယ် သူတို့ကိစ္စတိုင်ပင်ရအောင်"

ရှေ့ဆက်တိုးခွင့်(ZawGyi/Unicode)Where stories live. Discover now