အပိုင်း - ၁၄ (Zawgyi + Unicode)

20.6K 2.6K 272
                                    

#For Zawgyi

" အသာ...အသာ ယာဉ်ရပ်နားစခန်းရောက်ပြီ ထတော့နော် "

ညက စိတ်လှုပ်ရှားပြီး အိပ်မပျော်ခဲ့သဖြင့် ယခုမှပင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားမိသည် ။

ဒါနဲ့ နေပါဦး....သူအခု အကို့ပခုံးပေါ်မှာ အိပ်ပျော်သွားမိတာလား ။

" ကျွန်တော်...ကျွန်တော် အကို့ကို မှီပြီး အိပ်မိသွားတယ်ထင်တယ် အားနာလိုက်တာ "

" အသာက လာမှီအိပ်တာ မဟုတ်ပါဘူး ၊ ကားမှန်ဘက်ကို မှီပြီးအိပ်နေလို့ ခေါင်းဆောင့်မိမှာစိုးတာနဲ့ ကိုယ့်ဘက်ကို ဆွဲပြီး မှီပေးထားတာ "

အကိုက ဘာမှမထူးခြားသလိုပြောရင်း ကျောပိုးအိတ်ကို ကောက်လွယ်နေပေမယ့် နဂို မရိုးသားရင်းစွဲ ရှိထားတဲ့ ဒီ မောင်အသာက အကို့ အပြောမှာ သေငယ်ဇောနဲ့ မြော..... ။ 

အကိုက သူ့ကျောပိုးအိတ်သူ လွယ်ရုံတင်မဟုတ်ဘဲ ကိုယ့်ကျောပိုးအိတ်ကိုပါ လက်ကဆွဲပြီး ဆင်းသွားတော့ အားတုံ့အားနာနဲ့ နောက်က အတင်းလိုက်မိရင်း

" အကို့ အကို့...ကျွန်တော့်အိတ်ကို ကိုယ့်ဘာသာကိုင်ပါ့မယ် ပေးပါ "

" ကိုယ် ကိုင်ထားပေးတော့ ဘာဖြစ်လို့လဲ "

" အဲ့လို အကုန်လုံးလိုက်လုပ်ပေးနေရအောင် ကျွန်တော်က ကလေးမှ မဟုတ်ဘဲ အကိုရာ "

" အော ကလေးမဟုတ်ဘူးလား ၊ ဟုတ်လား ၊ မသိပါဘူးကွာ ၊ ကိုယ်က ကလေးလေးပဲ မှတ်နေတာ "

အကို့ရဲ့ ပြုံးထေ့ထေ့နဲ့ စ,သလို အပြောကြောင့် သူ့မှာ ရှက်ကိုးရှက်ကန်း ဖြစ်ရပြန်သည် ။

" အာ အကိုကလည်း.... "

" ဒါဆို ဘာလဲ ၊ လူကြီးလား "

" လူကြီးပေါ့ဗျ ၊ အသက်ပဲ ၂၃ နှစ်ကျော်နေပြီဟာကို "

" အင်းပါ ၊ ဟုတ်ပါပြီ လူကြီးပေါက်စလေးရယ် "

" အကိုနော် "

" စ,တာ စ,တာ ၊ အိပ်ချင်ပြေအောင် စ,တာ ၊ လာ.... "

လာဆိုပြီး လက်ကိုဆွဲကာ ရှေ့ကနေ ခြေလှမ်းကြဲနှင့်လျှောက်တော့ မောင်အသာတို့လည်း အကိုခေါ်ရာ ပါရသည်ပဲပေါ့ ။

လမင်းမျှော်သူ ( လမင်းမျှော်သူ ) Completed Where stories live. Discover now