Part 14 (Unicode)

Start from the beginning
                                        

"ကျောက်ကပ်အစားထိုးကုဖို့ကို ပြောတာလားရှင်။"

ဦးသိန်းကြည် လေးလံစွာ ခေါင်းညိတ်ပြမိသည်။ တစ်ခြားနည်းလမ်းမရှိတော့။

"ဒါပေမယ့်.."

"ငါလည်း သေချာစဉ်းစားပါတယ်ကွာ။ ဖြစ်နိုင်မယ်ဆိုရင်တော့ ဘယ်လုပ်ချင်ပါ့မလဲ။ ဒါပေမယ့် သမီးအခြေအနေက မင်းသိတဲ့အတိုင်းပဲ။ ငါတို့တခြားရွေးစရာလမ်းမရှိတော့ဘူး။"

"ဟိုကောင်လေးက သဘောတူတယ်တဲ့လား။"

ဦးသိန်းကြည် ခေါင်းညိတ်အဖြေပေးလိုက်သည်။

"သေချာရဲ့လားရှင်။"

"အင်း.. သေချာပါတယ်။ ငါ သူအဖေနဲ့လည်း တွေ့ခဲ့ပြီးပြီ။ သူ့သားသဘောအတိုင်းပါပဲတဲ့။"

ဒေါ်ထွေးရီ စိတ်လှုပ်ရှားကာ ဝမ်းသာဝမ်းနည်းဖြစ်မိသည်။ သူ့သမီးအတွက် မျှော်လင့်ချက်တစ်ခု ရှိနေသေးသည်မဟုတ်ပါလား။
ဒါပေမယ့်...

"သမီးလေးကိုတော့ ဒီအကြောင်းတွေ မသိပါစေနဲ့ရှင်။ ကျွန်မကို .. ကျွန်မကို.."

"အေးပါကွာ။ ငါတာဝန်ယူပါတယ်။ ရွှေစင်ဘာမှ မသိစေရပါဘူး။"

ဦးသိန်းကြည် အသံတုန် မျက်ရည်ဝဲနေသော သူ့မိန်းမလက်ကို တင်းတင်းဆုပ်မိသည်။ ဒေါ်ထွေးရီမှာ ရွှေစင့်ကိုဝမ်းနှင့်လွယ်၍ မမွေးခဲ့တာပဲရှိသည်။ မိခင်ဝမ်းမှကျွတ်လျှင်ကျွတ်ခြင်းကတည်းက သူမရင်ခွင်မှာသာ ပွေ့ပိုက်ပြုစုစောင့်ရှောက်ခဲ့ကာ သမီးရင်းထက်ပင် အသည်းပိုချစ်ခဲ့သည်။ သမီးတစ်ယောက်ကို အရူးအမူးလိုချင်ခဲ့သော ဒေါ်ထွေးရီသည် သူမ အသက်အတန်ငယ်ရမှ ချီပိုးခွင့်ရခဲ့သည့် ရွှေစင့်ကို မိမိ အသက်ထက်ပင် ပို၍မြတ်နိုးတွယ်တာခဲ့သည်။

"ကောင်လေးက စိတ်ချရပါ့မလား ကိုသိန်းကြည်။ သမီးလေးသာအဖြစ်မှန်ကိုသိသွားရင် ကျွန်မရင်ကွဲရလိမ့်မယ်။"

"စိတ်ချရပါတယ်ကွာ။ ငါ့ကိုကတိပေးထားပါတယ်။"

"အိုရှင်.. လူဆိုတာပြောလို့ရတာမဟုတ်ဘူး။ ရှင် ငွေနည်းနည်းပါးပါးလောက် ပေးထားလိုက်စမ်းပါ။ ပိုပြီးစိတ်ချရအောင်။"

စည်းWhere stories live. Discover now